Saturday, May 8, 2010

ဓါးစားခံ

ဓါးစားခံ

မွေးရပ်ဋ္ဌာနှီ ဇာတိမြေကို
နင်းချင်သော်လည်း တစ်မြေထဲမွေး
လူသားချင်းတောင် သွေးခွဲချယ်လှည်
လူမျိုးဘာသာ နှိပ်ကွပ်စော်ကား
လူ့အခွင့်အရေး ချိုးဖောက်မှူ၏
ဓါးစားခံဘဝ နာကျည်းမူများ
ရင်ဝယ်ပိုက်၍ အမိမြေမှ
မျက်ရည်စက်လက် ထွက်ခွါခဲ့သော
ထိုသူများ၏ ကြွေးကြော်သံများ......

ဒို့တိုင်းရင်းသားတို့မြေ
တစ်ရွာဝင်တစ်ရွာထွက်
မီးတစ်လူလူ အငွေ့တစ်ထောင်းထောင်း

တရုပ်ဆင်းရဲတုန်း
တရုပ်ဘိန်းစားပေါက်ဖော်တဲ့
တရုပ်ချမ်းသာတော့ တရုပ်အားကိုး ကပ်ဖား

ကုလားယူခဲ့တဲ့ဘုရားနဲ့သာသနာကို ဦးချ
ကုလားကိုတော့နှိမ်ချ

အနောက်တိုင်းတွေကို မုန်းတီးရေးလုပ်
သူတို့ကောင်းစားရေး အနောက်တိုင်း ပညာသင်ကြဟေ့တဲ့

ကပ္ပလီ အာဖရိကန်ကို အပြင်ရုပ်နံကြည့်ပြီး အထင်သေး
၂၀၀၇ အရေးမှာ ကပ္ပလီပဲ လာညှိနှိုင်းပေး

ဪ........လူတွေများ မာနမချမခြင်း ဒုက္ခပင်လယ်တွင်း တဝဲဝဲလည်။

အမှန်တရားဆိုတာခါးတတ်တယ်။
အမှန်တရားကိုလက်ခံပြီး
ပြုပြင်နိုင်ရင်အချိုကျန်ခဲ့မယ်။

စစ်မှန်တဲ့ဒီမိုကရေစီရနိုင်ပါစေ။

ကဗျာပို့ပေးလာတဲ့စာဖတ်ပရိသတ်ကိုအထူးပဲကျေးဇူးတင်ပါတယ်။

လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး ပဋိပက္ခမှ ဓါးစားခံများ









မြန်မာနိုင်ငံမှာမွေးတဲ့လူဟာ မြန်မာလူမျိုးပဲ
ဒေါ်အောင်ဆန်းစုကြည်
၁၉၈၈


(ရောင်ခြည်ဦး)

No comments:

Post a Comment