
သူတို့ခံယူတာ ဗုဒ္ဓဘာသာ
ကိုးကွယ်တာ အာဏာ
ကျင့်သုံးတာ လူသတ်တာ
သတ်ပြီးဖြတ်ပြီး ဘုရားတည်တာ
နအဖ ခေါင်းဆောင်ပါ။
သူတို့ခံယူတာ ဗုဒ္ဓဘာသာ
ကိုးကွယ်တာ ဒေါ်လာ
ကျင့်သုံးတာ လူမျိုးဘာသာရန်တိုက်တာ
ကပ်ဖား ရပ်ဖားအထက်ကိုလုပ်တတ်တာ
ပညာတော်သင် ကျောင်းသားပါ။
သူတို့ခံယူတာ ဗုဒ္ဓဘာသာ
ကိုးကွယ်တာ ရတနာသုံးပါး
ကျင့်သုံးတာ ဒီမိုကရေစီ
နှစ်ရှည်လများ အကျင်းထောင်ရောက်နေတာ
လူ့အခွင့်အရေး တောင်းဆိုသူများသာ။
No comments:
Post a Comment