Sunday, October 24, 2010

လွတ်လပ်သောသူအဖြစ် စံမြန်းနိုင်ပါစေ

အိမ်တစ်လုံး အသက်ပေး၍ရခဲ့တယ်
အဲဒီအိမ် ခေါင်မိုးကလှန် နံရန်ပေါက်ပြဲ
အောက်ခြေမခိုင် တိုင်တွေယိုင်
ကမ္ဘာ့ရွာအလယ် မျက်နှာငယ်
အကျီးတန်လေပြီ။

ထိုအိမ်အကြောင်း
အသက်ပေးခဲ့တဲ့ သူတွေ
သိများသိသွားရင်ဖြင့်
ပေးဆပ်သူတွေရဲ့ အမှားလား
ဆက်ခံသူတွေမိုက်လို့လား
ကြမ္မာကံအပြစ်လား။

ကျနော်ကတော့ ဥာဏ်မမှီလို့ မသိဘူး
ရာဇဝင်ရိုင်းတာတော့ အမှန်ဘဲ

ကြာပြီဆိုတော့
မေ့တဲ့သူတွေလည်းမေ့လောက်ပြီ
မေ့ဘို့ကြိုးစားတဲ့သူတွေလည်းရှိလာပြီ
မွေးခဲ့တဲ့ မြောက်တွေလည်းမျိုးရိုးပျက်လာပြီ

ကျေးဇူးသိတတ်တဲ့ သူတချို့
မျောက်တွေရဲ့အန္တရယ်ကိုမမှု
ကျေးဇူးတင်လို့ လေးစားစွာ သတိရနေတုန်း ....။

ကောင်းရာဘုံဘဝမှာ လွတ်လပ်သောသူအဖြစ်
စံမြန်းနိုင်ပါစေ။

Reference : google

1 comment: