Friday, December 17, 2010

ဘုံပျောက်မှာစိုးကြောက်မိရှာ (အပိုင်း ၄)

(အလောင်းဘုရားခေတ်မှ မီးလောင်မြှိုက်ထားသော ထိုင်းနိုင်ငံ၏ စေတီပုထိုးများ)

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၎

ခရစ်သက္ကရာဇ် ၁၂ ရာစုအတွင်း အိန္ဒိယနိုင်ငံတွင် ဝင်ရောက်မွှေနှောက်သော အာဖဂန်တို့ကြောင့် ဗုဒ္ဓဘာသာသည်. အိန္ဒိယမှပျောက်ကွယ်ရသည်ဟု ဟိန္ဒူသမိုင်းပညာရှင်တို့ကဆိုကြသည်။ ဖော်ပြပါ အာဖဂန်စစ်သွေးကြွများသည် မူလကဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး၊ အစ္စလာမ်ဘာသာနှင့်စပ်လျင်း၍ သိမြင်နားလည်သူမဟုတ်ပါ။ အစဦးပိုင်းတွင် အိန္ဒိယသို့ရောက်ခဲ့သော အာရပ်တို့ကြောင့် အိန္ဒိယနိုင်ငံရှိဆင်းရဲသားတို့ မင်းမြောက်ခဲ့ရသည်။

အာရပ်မူစလင်တို့သည် အိန္ဒိယနိုင်ငံရှိဆင်းရဲသားများ၊ ဇာတ်နိမ့်များ၊ လယ်ကျွန်များ၏ ရပိုင်ခွင့်များကို ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အာရပ်တို့ပြန်သွားပြီး နှစ်ပေါင်း ၂၀၀ ကျော်မှ အာဖဂန်တို့က အိန္ဒိယသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် အိန္ဒိယတိုက်နယ်သို့ဝင်ရောက်လာသောအခါ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးဟုသတ်မှတ်ခြင်းမရှိဘဲ၊ သူခိုးဓါးပြကဲ့သို့ အားလုံးကိုပြုကျင့်ခဲ့သည်ဟု မူစလင်သမိုင်းပညာရှင်တို့ကလည်း ရေးသားထားပါသည်။

မူစလင်သမိုင်းပညာရှင်တို့၏ဖော်ပြချက်အရ အိန္ဒိယတွင်အုပ်ချုပ်ခဲ့သော မူစလင်ဘုရင်များသည် အစ္စလာမ်ဘာသာကို မည်သို့မျှကူညီဖြန့်ချီပေးခဲ့ခြင်းမရှိပါ။ အစ္စလာမ်ဘာသာကို သာသနာပြုခဲ့သော ပုဂ္ဂိုလ်တို့မှာ ဆူဖီဟုခေါ်သော မူစလင်ရသေ့ ဘာဘာကြီးများသာဖြစ်ကြောင်းသိရသည်။
ထိုမူစလင်သမိုင်းပညာရှင်တို့က ကျွန်တော့အား '' ဒီလိုပြောကြကြေးဆိုရင်၊ ခင်ဗျားတို့ကကော ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဘုရားပုထိုးများကိုဖျက်ဆီးခဲ့တာဘာကြောင့်လည်း '' ဟုပြန်လည်၍မေးမြန်းခဲ့ပါသည်။



ယနေ့အထိ ထိုင်းနိုင်ငံတွင် အလောင်းဘုရားလက်ထက်က ဗမာတို့ဖျက်ဆီးခဲ့သော ဗုဒ္ဓဘုရားကျောင်းကန်များကို ထိုင်းလူမျိုးတို့သည် ပြင်ဆင်ခြင်းမရှိဘဲ ဗမာတို့၏ လက်ချက်ဟု ကမ္ဘာလှည့်ခရီးသည်များကို ပြသနေဆဲပင်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မူစလင်များကို အထူးအရေးပေးခြင်းခံနေရဆဲဖြစ်သည်။ ထိုင်းနိုင်ငံတောင်ဘက်ရှိ ပတ္တာနီ၊ နာရသီဝ၊ ယာလာဟူ၍ ပြည်နယ် သုံးခုတွင် မူစလင်များအများစုရှိသည်။ ထိုင်းဘုရင်သည် မူစလင်တို့၏ဘာသာရေးဂိုဏ်းချုပ်ကို တိုက်ရိုက်ခန့်ပေးသည်။ ဂိုဏ်းချုပ်သည် အာဏာအပြည့်အဝရှိသည်။ ထိုင်းနိုင်ငံ၏ကက်ဘိနက်တွင် ဝန်ကြီး ၃-၄ ဦးမှာအစဉ်အမြဲ မူစလင်များကိုခန့်လေ့ရှိသည်။
အာရပ်မူစလင်နိုင်ငံတို့၏ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံအကျိုးရှိနေသည်။ မူစလင်တို့၏ ဘာသာရေးသက္ကသိုလ်မှာ ဘန်ကောက်မြို့တွင်ခမ်းနားစွာရှိနေသည်။

ဤကဲ့သို့ပင် ကမ္ဘောဒီးယားတွင်လည်း မူစလင်များကို အရေးပေးခြင်းရှိသည်။ ကွန်မြူနစ် ပိုပေါ့လက်ထက်တုန်းက မူစလင်များသိန်းနှင့်ချီအသတ်ခံခဲ့ရသည်။ ယင်းအကြောင်းကို နောက်တက်လာသည့်အစိုးရက ကမ္ဘာသိအောင်ဖြန့်ချီခဲ့သည်။ ဤနှစ်နိုင်ငံစလုံးသည် ဗုဒ္ဓဘာသာလူများစုရှိသော နိုင်ငံများဖြစ်သည်။

ယင်းနှစ်နိုင်ငံထက်ပိုမို၍စိတ်ဝင်စားဖွယ်ရာနိုင်ငံကား သီဟိုဠ်ကျွန်း သီရိလင်္ကာပင်ဖြစ်သည်။ သီရိလင်္ကာတွင် တိုင်းရင်းသားလူမျိုး ဆင်ဟာလီစ်တို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အိန္ဒိယပြည်တောင်ပိုင်းမှ လာရောက်သူတမီလ်များသည် ဟိန္ဒူများဖြစ်ကြသည်။ တမီလ်တို့သည် ၃၀ % မျှရှိသည်။ နောက်ထပအစုတစ်စုက မူစလင်များဖြစ်ကြသည်။ ၁၆ % မျှရှိသည်။ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်သူတို့နှင့်
တမီလ်ဟိန္ဒူတို့စပ်ကြားတွင် စစ်ဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။ တမီလ်ဟိန္ဒူတို့၏အဖွဲ့က တမီလ်ကျားအဖွဲ့ဖြစ်သည်။ သူတို့သည် စင်ဟာလစ် ဗုဒ္ဓဘာသာဝင်တို့ကို ခေါင်းဆောင်မှုပေးသာ ရဟန်းတော်များကို အလွန်ရွံရှာစက်ဆုပ်မှုရှိကြသည်။ သို့ဖြစ်၍အကြိမ်ပေါင်းများစွာအထိ ရဟန်းတော်များကို ဓါးဖြင့်ကိစ္စတုံးပစ်ခဲ့သည့် သာဓကရှိသလို သီဟိုဠ်ရှိစွယ်တော် မြတ်စေတီကိုပင်လျင် ဗုံးဖြင့်ဖောက်ခဲ့သည်။ သီရိလင်္ကာရှိ မူစလင်များသည် ဗုဒ္ဓဘာသာဝင်များနှင့် မဟာမိတ်ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်များနှင့်အတူ မူစလင်များမှာလည်း တမီလ်ကျားသူပုန်တို့၏ ထိုးနှက်သတ်ဖြတ်ခြင်းကိုအလူးအလဲခံနေရရှာသည်။

သီရိလင်္ကာနိုင်ငံသည် မူစလင်များနှင့်အလွန်ရင်းနှီးသောနိုင်ငံဖြစ်သည်။ ထိုမျှမက သီရိလင်္ကာနိုင်ငံကို မူစလင်နိုင်ငံအများအပြားက ကူညီထောက်ပံ့လျက်ရှိနေသည်။ ဤဖော်ပြချက်များသည် မျက်မှောက်ခေတ်ဘာသာရေးဆိုင်ရာများ၏ ဆက်နွယ်မှုဖြစ်သည်။


နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။


(ရောင်ခြည်ဦး)

Tuesday, December 7, 2010

ဗုဒ္ဓသာသနာအား ညှိုးနွမ်းစေသည့် လက်သည်များ

တလောက သန္ဒေသား ၂၀၀၀ ကျော်ဖျက်ချထားသည့် အစအနများကို ဘန်ကောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်းအတွင်း ဖွက်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့မှရှာတွေ့ခဲ့သည့် သတင်းကြောင့်၊ ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသ္မီးများနှင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်မြန်မာအမျိုးသ္မီးတို့၏ တရားမဝင် ကိုယ်ဝန်ဖျက်ချနေကြသည့် အဖြစ်အပျက်များကို သတိရမိပါသည်။

အများအားဖြင့် ဘန်ကောက်မြို့ရှိ အနုစောင်ဝရီ နေရာ၊ ယခင်က ပရသူနန်းရပ်ကွက်ရှိ ဆေးခန်း၊ စူခွန်ဗစ်လမ်း၊ ရာမာ ၉ လမ်းတို့ရှိ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးသောဆေးခန်းများ၌ သွားရောက်ဖျက်ချကြသည်။ မြန်မာနိုင်ငံတွင်မူ အရပ်လက်သည်များနှင့် ကိုယ်ဝန်ဖျက်ချကြသည်။ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသော ပြည်ပရောက်မြန်မာအမျိုးသ္မီးအချို့မှ '' ဆရာ ဖျက်ပေးပါ '' ကူညီပါပြောကြသည်။ စာရေးသူအနေနှင့် ၎င်းအလုပ်သည် အသက်တစ်ချောင်း (သို့) အသက်ပေါင်းများစွာသတ်မှုအဖြစ်မြင်သည်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ '' သူတပါးအသက် မသတ်ရ '' ဟူသောတရားတော်ကိုလည်း ကြားယောင်မိသည်။ ထို့ကြောင့်မြန်မာအမျိုးသ္မီးများကို တရားချ နားချသော်လည်း နောက်ပြန်လည်စုံတွေ့သောအခါ သူ့မတို့မှ ကိုယ်ဝန်ဖျက်ချပြီးကြောင်းတွေ့ရပါသည်။ အချို့ သန္ဒေသားမှာ အသက်ဝင်နေပြီဖြစ်သည်။

ယခုခေတ်ကာလတွင် ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်များသည် တရားဓမ္မဆုံးမစာများကို ဦးပြစ်ခါပြု၍ အရက်သေစာသောက်စားခြင်း၊ ကာမေသု မိစ္ဆာစာရကံကို ကျူးလွန်ခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ အလောင်းကစားခုံမင်ခြင်း၊ မေတ္တာတရားခေါင်းပါးလာခြင်းတို့သည် မိမိတို့လက်ဖြင့် သာသနာ့ရောင်ဝါကိုညိုးနွမ်းစေခဲ့သည်။

နောက်ဆုံး Bangkok post မှရရှိသော Sex in the Buddhist "monastery"
သတင်းကြောင့် လွန်စွာစိတ်မကောင်းဖြစ်ရသည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံကဲ့သို့လုံးဝမဖြစ်ဘူးဟူ၍ မုချပြောလို့မရပါ။ မြန်မာနိုင်ငံသည် နှစ် ၂၀ အတွင်း ထိုင်းနောက်သို့ တဖြေးဖြေးပါသွားနေပါပြီ။ ထိုင်းကိုဆရာခေါ်နေရသော မြန်မာတို့၏ဘဝသစ် ခေတ်သစ်ဖြစ်သည်။
နောက်ဆုံးရသတင်း
Sex in the Buddhist "monastery"

We used to be shocked by sex scandals in the clergy. Given the endless
stream of those wrongdoings, we no longer are. Heterosex has also become
old news. The rage now is about gay and paedophile monks.

The latest scandal involved an abbot in Nakhon Si Thammarat. His lover
accused him of being unfaithful after finding out that the abbot had
invited a group of teenagers to drink and party at his quarters. The
last straw was reportedly the taint of semen on the abbot's mattress.

Their quarrel turned violent. The jilted lover, after being beaten up,
reported the matter to the police. The abbot fled and quit the monkhood
to avoid arrest and forced disrobement.

Having sexual intercourse, either straight or gay, is a cardinal sin
in the monks' code of conduct. Their monkhood automatically ends once
they commit the crime. When found out, they must be expelled from the
clergy.

Other three cardinal sins include stealing, killing and boasting of
supernatural powers.

How many "real" monks do we have left nowadays, given the widespread
sex scandals, temple corruption and commercialisation of Buddhism?

The scandalous case of the Nakhon Si Thammarat abbot has highlighted
the issue of homosexuality in the clergy which has never received any
serious attention from the elders.

Well, what's new? The elders, comfortable in their cocoon of prestige
and wealth, have never paid attention to any problems that have eroded
public faith in the clergy anyway.

Since the abbot had already quit the monkhood, the issue was
considered closed. As a matter of procedure, the Office of National
Buddhism has advised abbots nationwide to be more strict with ordination
since it is against the vinaya to ordain the "pandaka," which is
routinely translated as "homosexuals".

In today's more liberal society, the issue of homosexuality and
ordination has posed a challenge to traditional Buddhists. Since the
Buddha says all human beings have the Buddha nature in themselves,
meaning that everyone has the potential to attain nirvana, or spiritual
liberation. So why not gays of all shades too?

If women in Theravada Buddhism feel they have the right to be ordained
so they can earnestly practice to transcend the illusion of self, lust,
greed, anger and hatred, why then should this spiritual chance be denied
to gay men and women?

Some Buddhist experts have interpreted the ordination rule against the
pandaka as applicable only to transvestites. But this remains debatable.
Traditionalists would say it applies to gay men as a whole since it is
considered too dangerous to put fuel near a fire.

The issue here is not about the ordination rule or homosexuality. It
is about violation of the vow of celibacy. And in many cases concerning
the scandal of gay monks, it is about the sexual abuse of children. It
is about letting paedophiles have a field day in the clergy.

Gay or straight, this must not be tolerated.

Many say they have noticed a stark increase in the number of "katoey"
novices who show little restraint in expressing themselves, including
the use of cosmetics, the readjusting of robes for a fashionable look,
and the public display of feminine gestures. Could this suggest rife
sexual abuse of minors in the temple, too?

Inside temples, stories abound of paedophile sex. Not only novices but
temple boys are vulnerable to this abuse. If the abbots are not the
abusers themselves, they often involved other senior monks.

Many abbots confess their fear to intervene, not only with sexual
matters but also other misconduct. Drugs, for example. The temples have
become a refuge for people with problematic backgrounds and are ridden
with power plays between cliques and factions. Trying to expel rogue
monks, they say, might cost them their lives.

And why do anything when the top monks do not care anyway?

The monks' sex scandals are just one of the symptoms of the crisis in
the clergy. When monks no longer know what ordination and monkhood
means, there is little hope for change.

Posted by Sanitsuda Ekachai , Reader : 47189 , 10:01:06

Phra Payom says that

ရုပ်ရှင်နှင့်တီဗီဇတ်ကားများကြောင့်ဖြစ်ရသည်ဟူ၏။

on his travels of the nation's temples, he has found most gay and kathoey monks in the North, though he has no idea why. The South has very few, while other regions contain a mix.

The North-East has many gay and kathoey monks whose heart is in it, but who have yet to master the graceful body movements.

'They are an eyesore. They want to be gay, but haven't worked out how to do it yet.'

But gay monks are not confined to the young. Some temples have gay monks aged in their 50s and 50s, who have been in the monkhood 10 years or more. If gay monks are caught doing anything naughty, they can be chased out.

'However, they are often clever at arranging flowers, speak nicely to people, and can help senior monks putting on functions, so they end up staying.'


ကိုးကား

http://www.bangkokpost.com/news/asia/207239/hundreds-of-foetuses-found-at-thai-temple-police

http://bangkokofthemind.blogspot.com/2008_04_01_archive.html



ရောင်ခြည်ဦး

Sunday, December 5, 2010

ဘုံပျောက်မှာစိုးကြောက်မိရှာ (အပိုင်း ၃)


မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၃

ဤသို့ဗုဒ္ဓ၏ သံဃာ့ဂိုဏ်းသည် အတွင်းပြိုကွဲမှုများအထပ်ထပ်ဖြစ်ပေါ်လာခြင်းဖြင့် တဖြည်းဖြည်းအင်အားဆုတ်ယုတ်သွားခဲ့သည်။

(၁) သံဃာဂိုဏ်းအတွင်း ဂိုဏ်းငယ်အသီးသီးခွဲထွက်ခဲ့၍ စည်းလုံးသိပ်သီးမှုပြိုကွဲခဲ့ရသည်။
(၂) ဗုဒ္ဓမတိုင်ခင်က အိန္ဒိယနိုင်ငံတွင် အထင်အရှားရှိနေသော ဟိန္ဒူဝါဒ၊ ဗြဟ္မာဏဝါဒနှင့်ဂျိန်းဝါဒတို့၏ ထိုးနှက်မှုကို အလူးအလှဲခံရခြင်း၊

ဘီစီ ၃ ရာစု အတွင်း မောရိယလက်နက်နိုင်ငံကိုအုပ်ချုပ်ခဲ့သော ဧကရာဇ်ဘုရင်အာသောကမင်းကြီး (ဘီစီ ၂၇၃ - ၂၃၂ ခန့်) သည် ဗုဒ္ဓသာသနာကို အလွန်အကျူးချီးမြှောက်ခဲ့ပြီး၊ မောရိယနိုင်ငံတော်တစ်ဝန်းလုံးဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဝါဒပြန့်ပွါးရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ဤခေတ်သည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဗုဒ္ဓသာသနာအထွတ်အထိပ်ကိုရောက်ခဲ့သော ခေတ်ဟုဆိုရပါမည်။ (သို့သော် အာသောကမင်းကြီးကို ဆက်ခံခဲ့သော သူ၏မြေးဖြစ်သောမင်းများသည် ဂျိန်းဝါဒီများဖြစ်ကြ၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ချီးမြှောက်ခြင်းမရှိခဲ့ပါ။ မောရိယမင်းဆက်ပျက်သုဉ်း၍ သုင်္ဂမင်းဆက်ကိုတည်ထောင်ခဲ့သော ပုရှ်မိတြဟိန္ဒူမင်း (ဘီစီ ၁၅၀ - ၁၈၅) သည် ဘီစီ ၂ ရာစု ကုန်လုနီးအတွင်း ဗုဒ္ဓဝါဒီအကြီးအကျယ်နှိပ်ကွပ် ညှဉ်းပမ်းခဲ့သည်။ ရဟန်းကျောင်းများ၊ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကိုလည်း မီးတိုက်ဖျက်ဆီးခဲ့သည်။ ဗုဒ္ဓရဟန်းတော်အများအပြားတို့သည် အိန္ဒိယပြည်အလယ်ပိုင်းဒေသမှ ယခုပါကစ္စတန်ရှိရာ ပန်ဂျပ်နယ်မြေကို ပြေးဝင်ခိုလှုံခဲ့ရသည်။

ထို့အပြင် ခရစ်နှစ် ၇ ရာစုတွင်အုပ်စိုခဲ့သော ဂုပ်တာနန်းဆက်မှ သလက်မင်းကလည်း ဟိန္ဒူဝါဒကိုမြှောက်စားလို၍ ဗုဒ္ဓဝါဒီများနှင့် သာသနိက ကဆောက်အအုံများကို ဖျက်ဆီးရုံသာမက မဟာဗောဓိပင်ကိုပါ အမြစ်မှတူးဖြတ်ဖြိုလှဲချခဲ့သည်။ တရုတ်ရဟန်းကြီး ဖာတီယန်အစ်စင်နှင့် ဟိယန်ဆင်တို့၏ မှတ်တမ်းများအရ ဗုဒ္ဓသာသနာသည် ကျယ်ပြန့်ခိုင်မာမှုမရှိတော့ဘဲ၊ အိန္ဒိယအလယ်ပိုင်း၊ အရှေ့ဘက် ဘင်္ဂလားနယ်၊ တောင်ဖက် ဒက်ခန်ကုန်းမြင့်တဝိုက်၌သာ ကြိုကြားကြိုကြားသာကျန်ရှိတော့ကြောင်း ဆိုထားသည်။

(၃) ခရစ်သက္ကရာဇ် ၃ ရာစု အတွင်းက ကသ္မီရနယ်ရှင် ဟန်မင်းဆက်မှ ဟိန္ဒူဘုရင် မဟိရကုလသည် ယနေ့ပါကစ္စတန်နိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသော ဂန္ဓာရတိုင်းကို မွှေနှောက်ချေမှုန်းခဲ့ရာ၌ ဗုဒ္ဓဝါဒီအများအပြားကို သုတ်သင်ခဲ့သည်။ ဤ အချက်များသည် သမိုင်း၏ဖျောက်ဖျက်မရနိုင်သော အမှန်တရားများဖြစ်သည်။ (ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ စာပေစဉ်များတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။)

မူစလင်တမာန်တော် မိုဟာမက်သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာသည် မိုဟာမက် မမွေးခင်ကပင် ပျောက်ပျက်နေပြီးဖြစ်သည်။ မိုဟာမက် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀၀ လောက်တွင် အစ္စလာမ်ဘာသာသည် အိန္ဒိယသို့ ရောက်ရှိခြင်းဖြစ်သည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။


(ရောင်ခြည်ဦး)