Showing posts with label အမြင်မှန်. Show all posts
Showing posts with label အမြင်မှန်. Show all posts

Friday, February 10, 2012

ကျွန်တော်တို့ရွှေမြန်မာ

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေ သိက္ခါတစ်ပြားမှ မကျန်အောင်လျှော့ချနေတဲ့ HIp Hop Rapper နဲ့အကသည်တွေပါလား။
From Forward email.

Sunday, October 17, 2010

Free Burma and reunited

Free Burma


Dedicated to all religions and nations, Rainbow, Village of peace


Ring Of Unity


Only our Pure heart will guide us freedom.
Free Burma and let's reunited.

Saturday, September 25, 2010

ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲရန်လိုအပ်


ကိုကျော်သူ၏ထူးခြားသော ညဏ်ပညာ၊ မေတ္တာတရားများနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ကိုဖော်ပြလိုက်သော အထက်မှ ပန်းချီကားတစ်ချပ်ကို မြန်မာပြည်သူများသာမက ကမ္ဘာ့လူထုကပါ အသိအမှတ်ပြုသင့်သည်။ ယခုခေတ်ကာလ၌ ကိုကျော်သူလို စိတ်ဓါတ်မျိုးရှိသောလူများ အရမ်းရှားပါး လာပါသည်။ ဘာသာတိုင်းက ငြိမ်းချမ်းရေးကို သင်ကြားပေးထားသည်။ လူတို့၏ မလိုတမာမုန်းတီးမှု၊ အတ္တ၊ မာန်မာနများနှင့်သာ ကမ္ဘာ့လူသားအချင်းချင်း စစ်မက်ဖြစ်ပွါးပြီး လူလူချင်းအပေါ်၌ အာဂါတများကို မစွန့်လွှတ်နိုင်ကြပါ။

ဘာသာပေါင်းစုံညီညွတ်ရေး၊ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး အတွက်ပံ့ပိုးနှိုးဆော်သော ဝဘ်ဆိုက်များ အွန်လိုင်းပေါ်တွင် အလွန်နဲနေသေးသည်။ တချို့ဝဘ်ဆိုက်များမှာ အများအကျိုးထက် ကိုယ်ကျိုးကိုကြည့်ကြသူများ၊ အမှန်တရားများကို ရေငုံနှုတ်ပိတ်နေကြသူများရှိကြသည်။

အွန်လိုင်းမှာ တရားမျှတပါသည်၊ အမှန်တရားကိုလိုလားကြပါသည်၊ လွတ်လပ်မျှတမှုရှိုကြပါသည်ဟုတင်ထားသော မြန်မာဝဘ်ဆိုက်တချို့တွင် တကယ်တမ်းကြတော့ ဘာသာပေါင်းစုံညီညွတ်ရေး၊ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးထက် မိမိအလို စိတ်ဆန္ဒကို ဦးစားပေးပြီး ကိုယ့်ဝဘ်ဆိုက်ဆက်လက်ရှင်သန်ရေးကိုသာ အဓိကထားနေကြသည်။ ထို့ကြောင့် တရားမျှတကြောင်း၊ အမှန်တရားကိုလိုလားကြောင်း၊ လွတ်လပ်မျှတမှုရှိုကြောင်းတင်ထားသည်မှာ အလွန်ရှက်စရာကောင်းသော မှုသားဖြစ်သည်။

အချို့မှာ မိမိတို့၏ အတ္တ စိတ်ရင်းကို ၎င်းတို့ကိုယ်တိုင်ဖော်ပြခဲ့လေသည်။ မြန်မာနိုင်ငံအတွက် ကောင်းရာကောင်းကျိုးအမှန် လှုတ်ရှားနေသော ဝဘ်ဆိုက်များရှိသလို နိုင်ငံခြား funding အတွက်လှုတ်ရှားနေသော၊ တစ်နည်း လုပ်စားနေသော ဝဘ်ဆိုက်များလည်း အွန်လိုင်းပေါ်တွင်ရှိကြသည်။

စစ်မှန်သော စိတ်စေတနာရှိသောသူသည် အင်မတန်မှ မွန်မြတ်၏။ မိမိကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးသော တိုင်းပြည်နှင့် လူမျိုးအတွက် အသက်နှင့် ဘဝကိုရင်းခဲ့ရသော အာဇာနည်ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ဇာဂနာ၊ ကိုကျော်သူတို့လို အရည်အချင်းမျိုးကို သာမန်အရည်အချင်းနှင့် ပြည့်မှီရန်မလွယ်ကူပါ။


Attitude တစ်ခုကိုပြောင်းလဲရန် အမှန်တကယ်သတ္တိရှိမှ၊ အမြင်မှန်ရှိမှ၊ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရဲမှ ဖြစ်လာမည်။ အတ္တ မာန်မာနများနှင့် မိမိကိုယ်ကျိုးကို
ဖက်တွယ်နေသော လူများ အတွက် ယခု စစ်အစိုးရနှင့်သာ ထိုက်တန်သည်။

အင်မတန် ခေါင်းမာသော လူစားမျိုးများမှာ ဘုရားရှင်၏ ဓမ္မတရားတော်များကိုလည်း မလိုက်နာ၊ သံဃာတော်များနှင့် ဘာသာရေးခေါင်းဆောင်များ၏ အဆုံးအမကိုလည်းနားမဝင်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းစဉ်ကိုလည်းအတုမယူ၊ မိမိကိုယ်ကိုလည်းတန်ဖိုးမထားတတ်ကြပါ။

ခေါင်းဆောင်ကောင်းများ၏ စိတ်ဓါတ်နှင့် ဩဝါဒများကို ၎င်းတို့ ဦးနှောက်နှင့်လည်း လိုက်မမှီကြပါ။ ထို့ကြောင့်ကျဉ်းမြောင်းသော စိတ်ဓါတ်များသည်လည်း ပြောင်းလည်းရန်လွန်စွာခဲရင်းပေမည်။

မြန်မာလူမျိုးများအတွက်လက်ရှိ စံနမူနာ ယူသင့်သောသူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူ့အခွင့်အရေး၊ လူ့တန်ဖိုးကို ကောင်းမွန်စွာ သိမြင်နားလည်သော ပညာတတ် ခေါင်းဆောင်တစ်ဦးပီသပေသည်။

နောက် တစ်ယောက် အနေနှင့် နမူနာကောင်းယူသင့်သောလူမှာ လက်ရှိ အမေရိကန် သမ္မတ ဘာရက် အိုဘားမားဖြစ်သည်။

သူ့ရဲ့ '' CHANGE '' ဆိုတဲ့ စကားတစ်ခွန်းက အဓိပ္ပါယ်များစွာရှိသည်။ လူ့အသိုင်းအဝိုင်းတွင် ခေတ်အဆက်ဆက် တိုးတက်မှုမရှိဘဲ ပိုပြီးတော့သာ (စာရိတ္တအပါအဝင်) ဆုတ်ယုတ်နေလျှင် ထိုအချေအနေမှ ''CHANGE'' ပြုပြင်ပြောင်းလဲသင့်သည်။ " Low people who have narrow minded living in lowest country" မဖြစ်ရအောင် အမြင်ကျယ်ရမည်။ ဥာဏ်အမြော်အမြင်ရှိရမည်။

Every human being, of whatever origin, of whatever station, deserves respect. We must each respect others even as we respect ourselves. (U Thant)

ငြိမ်းချမ်းရေးကိုနားလည်သောသူသည် ဘာသာတိုင်း လူမျိုးတိုင်းနှင့် ပေါင်းသင်းတတ်သောသူဖြစ်သည်။ စိတ်သဘောထားမပြည့်ဝသောသူများသာလျှင် ကျဉ်းမြောင်းသေးသိမ်သောစိတ်ကို ရှေ့ထားလျှက် လူအချင်းချင်းကျောခိုင်းတတ်ကြသည်။

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံမှာ မနေနိုင်ဘဲ သူများနိုင်ငံမှာသွားရောက် နေထိုင်ကြသူများ၊ ပြည်တွင်းမှ မြန်မာများ

ဒီကနေ့ ''CHANGE'' ပြုပြင်ပြောင်းလဲရန် သတ္တိရှိကြပြီးလား?

ရောင်ခြည်ဦး