Showing posts with label အသိနှင့် သတိတရား. Show all posts
Showing posts with label အသိနှင့် သတိတရား. Show all posts

Monday, March 26, 2012

သမ္မတကြီး သမိုင်းလှအောင် ဖြေပေးပါ

Saturday, April 23, 2011

ဘုံပျောက်မှာစိုးကြောက်မိရှာ အပိုင်း ၇

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၇

ယနေ့ခေတ်ကာလသည် လွတ်လပ်ရေးရပြီး နစ်၆၀ကျော်ကာလဖြစ်သည်။ ကုလားများသည်လည်း မူလကုလားများနှင့်မတူတော့။ ဗမာလူမျိုးတို့နှင့်မခြား စိတ်ဓာတ်နှင့် ရုပ်ရည်တူလာသည်။ ကျွန်တော်တို့လျှို့ဝှက်စွာလုပ်ဆောင်သောကိစ္စများကို သူတို့အားလုံးသိနေကြသည်။ သူတို့၏ရုပ်ရည်သည် ဗမာနှင့်တူသည်။ အထက်အညာဒေသရှိ မူဆလင်များမှာ သာ၍ပင် ဗမာများနှင့်ခွဲခြားရန်ခက်ခဲသည်။ အရေးကြီးဆုံးအချက်မှာ သူတို့အတွင်းမြန်မာမျိုးချစ်စိတ်ဓာတ်ပေါ်ထွန်းနေရန်သာဖြစ်သည်။ မြန်မာနိုင်ငံသမိုင်းတလျှောက် ဗျတ်ဝိ၊ ဗျတ္တမှအစ ဆရာကြီးဦးရာဇက်အဆုံး သူတို့သည် ဗမာလူမျိုးတို့နှင့်အတူ သွေးစည်းညီညွတ်ခဲ့သည်။

နိုင်ငံကိုသစ္စာဖောက်သည်ဟူသော အစဉ်အလာဆိုးသည် သူတို့တွင်မရှိခဲ့ကြောင်း ရိုးသားစွာဝန်ခံရဲရပါမည်။ စွန့်စားခြင်းဝါသနာပါ၍ ဖိနှိပ်မှုကိုအလူးအလဲခံခဲ့ရသည်။ သူတို့တွင်မျိုးချစ်စိတ်မရှိလျင်သူတို့သည် တရုတ်များကဲ့သို့ မြန်မာနိုင်ငံရေးမှ တသီးတခြားနေမည်မှာ အမှန်ပင်ဖြစ်သည်။

ဗုဒ္ဓဘာသာမှ မူဆလင်များဖြစ်လာသည့်နည်းတူပင် မူဆလင်မှ ဗုဒ္ဓဘာသာသို့ကူးပြောင်းသူများလည်းအများအပြားရှိသည်။ ထင်ရှားသောသူများကို ကောက်နှုတ်ဖော်ပြရလျင် သခင်ဘသောင်း၊ ဦးသန့်၊ ဒဂုဏ်ဦးဘတင်၊ ဘကြီးဘဖေ၊ ဒေါက်တာမောင်ဒီ၊ ဦးဘသန်းထက်၊ တေးသံရှင် အလီ၊ ရုပ်ရှင်မင်းသားကျော်ဆွေ၊ ရွှေဘ၊ ချိုပြုံး၊ မေဝင်းမောင်၊ ကျော်သူ၊ စသည်ဖြင့် ရုပ်ရှင်လောကမှ ပုဂ္ဂိုလ်များ၊ စစ်ဖက်နယ်ဖက် အနုပညာလောကမှ ထင်ရှားသော ပုဂ္ဂိုလ်အများအပြားရှိသည်။ သို့ဖြစ်၍ ကျွန်တော်တို့က လူမျိုးနှင့်ပတ်သက်၍ စိတ်သောကရှိသကဲ့သို့ မူဆလင်များသည်လည်း ဤကိစ္စကိုသောကထားကြသည်ပင်။

ဗမာအမျိုးသမီးကိုယူလျင် ဘယ်၍ဘယ်မျှပေးမည်ဟူသော ရေးသားဖော်ပြချက်သည် ယနေ့မြန်မာနိုင်ငံရှိ မူဆလင်တို့၏အခြေအနေကိုလေ့လာကြည့်ပြီးမှ မှတ်ချက်ချသင့်သည်။ မူဆလင်များသည် ဗမာလူမျိုးနည်းတူချမ်းသာသူများသလို၊ လူလတ်တန်းစားလည်းရှိသည်။ အကယ်၍ နိုင်ငံရပ်ခြားမှအထောက်အပံ့များရမည်ဆိုလျင် မူဆလင်တို့၏ အခြေအနေသည် တရုတ်လူမျိုးသာသာရောက်ရှိနိုင်သည်။ မြို့သစ်များနေ ဆင်းရဲစုတ်ပြတ်နေသော မူဆလင်များက ရန်ကုန်မြို့၏ လမ်းမပေါ်တွင်ပိုက်ဆံလိုက်တောင်းနေပုံ မြင်ကွင်းကပင်လျင် ယင်းသူတို့၏အခြေအနေမှန်ကို သိနိုင်ပါသည်။ သို့ဖြစ်၍ ယင်းသို့သောဝါဒဖြန့်ချီချက်များသည် မုန်းတီးရေးကိုဦးတည်၍သာဖြစ်၍ ဆင်ခြင်သုံးသပ်တတ်သူအဖို့ လက်ခံနိုင်သောအခြေအနေပင် မရှိနိုင်ပါ။

'' အမျိုးပျောက်မှာစိုးကြောက်ရ'' စာတမ်းကြောင့် ကြီးမားသောပဋိပက္ခနှင့် အကြပ်အတည်းကိုသာတွေ့နိုင်ပါသည်။

မြန်မာနိုင်ငံရှိမူဆလင်များကိုစောင့်ကြပ်သောအရှေ့ဖျားဒေသ မူဆလင်အသင်းရှိနေသည်။ ကမ္ဘာ့မူဆလင်အဖွဲ့ကို ဆောင်ဒီရှိ ဂျစ်ဒါမြို့တွင်ရုံးချုပ်ထားရှိသည်။ ယင်းအဖွဲ့သည် အဖွဲ့သားအားလုံးကို ချုပ်ကိုင်ထားသည်။ မြန်မာနိုင်ငံမူဆလင်များအရေးနှင့် စပ်လျင်း၍ မလေးရှားနှင့် အင်ဒိုနီးရှားတို့က တာဝန်ယူရသည်။ ယင်းအဖွဲ့အစည်းများသည် တရားဝင်ဖွဲ့စည်းထားသော အဖွဲ့များဖြစ်သလို အကြမ်းဖက်သမားများကို သင်တန်းပေးသောအဖွဲ့၊ လက်နက်ပေးသောအဖွဲ့စသည်ဖြင့်တရားမဝင်ဖွဲ့ထားသောအဖွဲ့များလည်းရှိသည်။ အရေးကြုံက သူတို့ကလက်မနှေးကြပေ။ ယင်းအဖွဲ့များကို အာဖဂန်နစ္စတန်၊ အီရန်နှင့် လစ်ဗျားတို့က အထူးအားပေးသည်။

မြန်မာမူဆလင်များ၏ ပလီဝတ်ကျောင်းများကျူးကျော်ဖျက်ဆီးခံရခြင်း၊ ရွာငယ်များနှင့် ၎င်းတို့အိမ်ယာများဖျက်ဆီးခံရခြင်း၊ လူမျိုးရေး ဘာသာရေးအရနှိပ်ကွတ်ခံရခြင်းများနှင့် ပတ်သက်၍ မြန်မာမူဆလင်များမှ လက်နက်စွဲကိုင်ကာ သူတို့၏ပြဿနာကို ဖြေရှင်းသည့်နည်းလမ်းကိုမသုံးစွဲသည့်အတွက် အာဖဂန်ရှိ အိုမောက '' မြန်မာမူဆလင်တို့သည် သူရဲဘောကြောင်လွန်းသည် '' ဟုဗျူးခန်းတွင်ဖော်ထုတ်ခဲ့သည်။

မြန်မာနိုင်ငံရှိ မူဆလင်များနှင့် ၎င်းတို့၏ဘာသာရေး ခေါင်းဆောင်တို့သည်အကြမ်းဖက်လမ်းစဉ်ကို ရွံရှာသူများဖြစ်ပုံရသည်။ မြန်မာနိုင်ငံတွင် ခေတ်အသီးသီးတွင်ရှိခဲ့သော သောင်းကျန်းသူတို့ကြောင့် တိုင်းပြည်ဆုတ်ယုတ်လာပုံကို မြန်မာမူဆလင်တို့သိသည်။ မုန်းတီးမှုနှင့်ပြုစုထားသော '' မျိုးပျောက်မှာစိုးကြောက်ရ '' လမ်းကြောင်းသည် မလွဲမသွေပင် ယင်းအနိဌာရုံသို့တွန်းပို့နေသည်။ ယုတ်စွအဆုံး မူစလင်တို့သည် ပဋိပက္ခကိုရှောင်ရင်းနှင့် ဒေသတခုဝယ်စုမိသွားကြလိမ့်မည်။ ယင်းဒေသသည် အနာဂတ်၏ ဘော့စနီးယားနှင့် ကိုဆိုဗိုဖြစ်သွားနိုင်သည်။ ကျွန်တော်တို့သည် ဤလမ်းကြောင်းကို အတတ်နိုင်ဆုံးရှောင်ရှားကြရပါမည်။ သို့မှသာလျင် နိုင်ငံတော်ကြီးသည် တည်တံ့ခိုင်မြဲမည်ဖြစ်သည်။

ပြင်ပမှသွေးထိုးပေးသော ပုဂ္ဂိုလ်တို့သည် သူတို့နိုင်ငံတွင် မကြာခဏဖြစ်ပွါးလေ့ရှိသော သွေးချောင်းစီးမှုများကို မြန်မာ့မြေပေါ်တွင် ပေါ်ပေါက်စေလိုကြသည်။ ယင်းပုဂ္ဂိုလ်တို့သည် အိန္ဒိယမှလာပြီး ဗုဒ္ဓဘာသာဝင်များကိုတရားဓမ္မပို့ချသယောင်၊ ကမ္မဌာန်းတရားပို့ချသယောင် အတိတ်က မူဆလင်နှင့် ရန်ငြှိုးများကို ကလဲ့စားချေခြင်းဖြစ်သည်။

အချို့သင်္ကန်းဝတ်ဘုရားသားတော်များပင် ဤကိစ္စတွင်လက်ဝင်နေကြခြင်းက မေတ္တာအရင်းခံဗုဒ္ဓဝါဒကို ပိုပြီးရုပ်ဆိုးစေပါသည်။ တော်လှန်ရေးကောင်စီ၏ အစဦးကာလတွင်သိန်းပေါင်းများစွာသော ဟိန္ဒူကုလားများသည် သူတို့နိုင်ငံကိုပြန်ခဲ့ကြသည်။ စက်ရုံများကို ပြည်သူပိုင်သိမ်းခံရသည်။ ထိုတရားဓမ္မပို့ချသော ပုဂ္ဂိုလ်ကြီး၏စက်ရုံသည်လည်း ပြည်သူပိုင်စာရင်းဝင်ဖြစ်သည်ကို သတိချပ်စေလိုပါသည်။ သူ၏တပည့်များဖြစ်သောပါရဂူနှင့် နှစ်ဖက်လှတို့မှာ ဆရာကြီး၏ပေးကမ်းမှုအပေါ်မူတည်နေ သံယောင်လိုက်ခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်တို့တွင် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီ ဟိန္ဒိုတက္ကသိုလ်မှဆင်းလာသူလည်းပါပြီး ဟိန္ဒိုဘာသာဝင်တို့က ဗုဒ္ဓမြတ်စွာဘုရားကို သူတို့၏ဘုရားဝင်စားသူအဖြစ်လောက်သာ လက်ခံခြင်းသာလျင်ပြုသည်ကိုလည်း သတိချပ်ပါ။

ယနေ့ကျွန်တော်တို့လုပ်ဆောင်ရမည့်အလုပ်သည်ကား နိုင်ငံတော်အစိုးရက ပံ့ပိုးနေသော ထေရဝါဒဗုဒ္ဓဘာသာထွန်းကားရေးလမ်းကြောင်းဖြစ်ပါသည်။

(ရောင်ခြည်ဦး)

Sunday, February 27, 2011

ဘုံပျောက်မှာစိုးကြောက်မိရှာ အပိုင်း ၆

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၆

ယနေ့ခေတ်ကာလတွင် ကုလ္လသမဂ္ဂမှကြီးမှူး၍ဖွဲ့စည်းထားသော ကုလ္လသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံးကရှိနေသည်။ ယင်းသည်ပဋိပက္ခဖြစ်ပွါးရာဒေသအထိကွင်းဆင်းကာ ဝင်ရောက်ဖြေရှင်းရုံမကအတော်ကြာသည်အထိ ယင်းဒေထွန်းတွင်ဝင်ရောက်စောင့်ကြပ်ပေးသည်။ ဥပမာ-ရိုဟင်ဂျာ၊ ဘော့စနီးယားကိစ္စကိုကြည့်ပါ။ ဤဖော်ပြပါအချက်များသည် ကျွန်တော်တို့၏ ရိုးသားလှသော ဗုဒ္ဓဘာသာဝင်များသိရှိရန်ဖော်ပြလိုက်ရခြင်းဖြစ်ပါသည်။ သူများမြှောက်ပေးတိုင်းလိုက် '' က '' လျင် ကျွန်တော်တို့နိုင်ငံသာလျင်ပြိုကွဲပျက်စီးရမည် မလွဲဖြစ်သည်။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးပြုရမည့်အချက်သည်ကား နိုင်ငံတော်တည်တံ့ခိုင်မြဲပြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေး မပြိုကွဲရေးပင်ဖြစ်သည်။

'' အမျိုးပျောက်မှာစိုးကြောက်ရ'' စာတမ်းတွင် အချို့သောအချက်အလက်များသည် မူဆလင်တို့ကို စိတ်ဓာတ်တက်ကြွရန်နှင့် နိုင်ငံရေးအရ အခွင့်အရေးတောင်းရန် တဖက်မှလှုံ့ဆော်ပေးသကဲ့သို့ဖြစ်နေသည်။ ဗြိတိသျှအစိုးရလက်ထက်မှစ၍ ယနေ့အထိ နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့သည် ၃.၈% ရှိသည်ဟု သိရသော်လည်း '' မျိုးပျောက်မှာစိုးကြောက်ရ '' တွင်မူ အစ္စလာမ်ဘာသာဝင်ဦးရေသည် ၂၀ % ရှိနေပြီဖြစ်ကြောင်း၊ အကယ်၍ ၅၀ % သို့ရောက်လာလျင် ဗုဒ္ဓဘာသာဝင်တို့ကို ဤနိုင်ငံမှ နှင်ထုတ်မည်ဖြစ်ကြောင်း ရေးသားထားသကဲ့သို့ သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်တွင် မူဆလင်တွင်သည် ဟိန္ဒူများကို ကျော်သွားလိမ့်မည်ဟု ရေးသားထားသည့်ပုံစံအတိုင်းဖြစ်နေသည်။ အချို့အချို့သော စာရင်းဇယားများသည် နိုင်ငံတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များဖြစ်၍ပြင်ပသို့ထုတ်ဖော်ပြသခြင်းမရှိပါ။ ယင်းအချက်ကို စာတမ်းပြုသူများ တကယ်ပင်နားမလည်ကြခြင်းလော။ သို့တည်းမဟုတ် ငနားမလည်ချင်ယောင်ဆောင်နေသလောဟု စဉ်းစားစရာဖြစ်လာသည်။ နိုင်ငံရေးအနှောက်အယှက် ပယောဂမကင်းဟု ယူဆရမည်ပင်။

ဤကဲ့သို့သော ရေးသားချက်၊ ထိုးနှက်ချက်များကြောင့်ပင် ယူဂိုဆလပ်နိုင်ငံသည်ပြိုကွဲခဲ့ရသည်။ ဘော့စနီးယားနိုင်ငံ၊ တဖန် ကိုဆိုဗိုကို ခွဲထုတ်ရန် ကြိုးစားခဲ့ကြသည်။ ယူဂိုဆလပ်နိုင်ငံပြိုကွဲရခြင်းမှာ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒနှင့် ဆာ့ဗ်တို့၏ မဟာလူမျိုးကြီးဝါဒကြောင့်ပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ယင်းနိုင်ငံ၏နယ်နမိတ်အတွင်း နေထိုင်သူများ၏လွတ်လပ်ခွင့်နှင့် အခြေခံလူ့အခွင့်အရေး ပြည့်ဝမှုနှင့်ဆိုင်သည်။ ယနေ့ခေတ်ကာလတွင် မည်သည့်လူမျိုးမှ အခြားလူမျိုးကိုကျွန်ပြု၍မရနိုင်ပါ။ သို့ပါ၍မေတ္တာဝါဒီ ဗုဒ္ဓဘာသာဝင်ပီပီ နောင်တော်ကြီးစိတ်ဓာတ်မွေးမြူကာ လူမျိုးစုညီငယ်လေးများကို သနားညှာတာသွားမည်ဆိုပါလျှင်မူ လူမျိုးစုငယ်များသည် အစ်ကိုကြီးနောက်သို့ တကောက်ကောက်လိုက်ပါသွားမည်မှာ မုချအမှန်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုရှိနေသော မူဆလင်များသည် ဗမာလူမျိုးကိုမှပို၍အထင်ကြီးကြသည်။ သို့ဖြစ်၍လည်း ဗမာကဲ့သို့ ဝတ်စားနေထိုင်ခြင်းကို ဂုဏ်ယူကြသည်။ သူတို့ကို ကုလားခေါ်ခြင်းထက် မြန်မာမူဆလင်ဟုခေါ်ခြင်းကို နှစ်သက်ကြသည်။ ဗမာတို့ကဲ့သို့တိုက်ပုံကိုဝတ်ဆင်ကြသည်။ ဗမာတို့ကဲ့သို့ သူတို့ဘာသာအမည် အီစွတ်၊ ကာဆင်နှင့်ဆက်ပြီး ကိုတင်မောင်၊ ကိုခင်အောင်ဟု ရေးသားခေါ်ဝေါ်ကြသည်။ စင်စစ်အားဖြင့်ဆိုရသော် ယင်းသူတို့သည် ဗမာလူမျိုး၏ နောက်ဆက်တွဲ အင်အားဖြစ်လာသည်။

ပြည်နယ်များတွင် နိုင်ငံရေးအခြေအနေအရ အစိုးရကသူတို့၏ ဦးရေကို ဗမာလူမျိုးစာရင်းတွင်ထည့်သွင်းဖော်ပြကြသည်။ မိမိတို့ကို ခင်တွယ်သောသူတို့တွင် မကောင်းသောလက္ခဏာများရှိသလားဟု မေးစရာရှိသည်။ သူတို့သည်္ခမူးယစ်ထုံထိုင်းစေသော အရက်သေစာများကို ရောင်းချခြင်းမရှိ။ သူတို့သည် ဘိန်းဖြူကဲ့သို့ မကောင်းသောအလုပ်များကို အသက်မွေးဝမ်းကြောင်းခြင်းလည်းမရှိ။ စီးပွါးရေးတွင် Monopoly ဟုခေါ်သောထိပ်ပိုင်းမှ ချုပ်ကိုင်ခြင်းလည်းမရှိ။ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ပြောကြသေးသည်။ ယနေ့ကာလတွင် ကုလားမများကို အခြားသူတို့အိမ်ထောင်ဖက်အဖြစ် ရွေးကောက်သကဲ့သို့ ဗမာအမျိုးသမီးများကိုလည်း ကုလားများကယူကြသည်။ သို့ရာတွင် ယင်းအိမ်ထောင်ရေးသည် ရေရှည်တည်တံ့ခြင်းမရှိကြောင်းကို နှစ်ဖက်စလုံးကသိကြသည်။ သို့ဖြစ်၍ သဘောတူအချင်းချင်းသာယူကြရေးကို အထူးပြုနေကြသည်ကိုတွေ့ရသည်။

(ရောင်ခြည်ဦး)

Friday, January 21, 2011

ဘုံပျောက်မှာစိုးကြောက်မိရှာ (အပိုင်း ၅)

အင်ဒိုနီးရှားနိုင်ငံမှ ထိန်းသိမ်းပေးထားသောဗုဒ္ဓဆင်းတုတော်

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၅

နိုင်ငံတကာအဆင့်ဖြင့် ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ကိုဖွဲ့စည်းထားသည်။
ယင်းကို ဂျပန်နိုင်ငံနှင့်ကိုရီယားနိုင်ငံတို့ကဦးစီးခြင်းဖြစ်သည်။

ယင်းအဖွဲ့တွင်ပါဝင်လှုပ်ရှားသောနိုင်ငံများတွင် ပါကိစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများသည် ကြီးမားသောအနေအထားဖြင့် ပါဝင်လှုပ်ရှားနေကြပါသည်။ ယင်းနိုင်ငံများသည် မူဆလင် အများစုရှိသောနိုင်ငံများဖြစ်သည်ကိုသတိပြုပါ။ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဗုဒ္ဓသာသနိကအဆောက်အအုံများကို
အစိုးရကဦးစီး၍ ကျကျနနပြင်ဆင်မွမ်းမံပေးသည်။ အင်ဒိုနီးရှားရှိ ဗောဓိရာဗုဒ္ဓဘုရားကြီးကို ပြင်ဆင်ရာတွင် ယူနက်စကိုအကူအညီဖြင့် IBM ကွန်ပျူတာစနစ်ကို အသုံးပြုကာပြင်ဆင်ခဲ့သည်။ သူတို့နိုင်ငံတွင် ဥပုသ်နေ့တွင် ရုပ်သံလွှင့်ဂြိုလ်တုမှနေ၍ ဘုန်းတော်ကြီးများ ဗုဒ္ဓတရားတော်ကိုဟောကြားသည်။ နိုင်ငံရပ်ခြားသို့ သွားရောက်သာသနာပြုခွင့်ပြုထားသည်။

နောက်ထပ်အကောင်းဆုံးစံနမူနာအဖြစ် စင်္ကာပူနိုင်ငံကို လေ့လာစေလိုပါသည်။ ယင်းနိုင်ငံသည် ခရစ်ယန်၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ရှင်တို၊ ဂျူး၊ ဟိန္ဒူ၊ ဆစ်ခ်ဟူ၍ ဘာသာပေါင်းစုံနေထိုင်သောသေးငယ်လှသော ကျွန်းငယ်လေးတခုဖြစ်ပါသည်။ ဘာသာဝင်အားလုံး၊ လူမျိုးအားလုံးသည် တစ်ဦးကိုတစ်ဦး
အထူးလေးစားစွာ ဆက်စံကြသည် (အချို့ရွှေမြန်မာတို့၏ စိတ်ဓါတ်နှင့်တော့
အရမ်းကိုကွာပါသည်)။

သူတို့အတွက်အရေးအကြီးဆုံးအချက်သည်ကား သူတို့နိုင်ငံတိုးတက်စေမည့် နည်းလမ်းသာလျှင်ဖြစ်သည်။ ယင်းနိုင်ငံရှိ တရုတ်၊ အန္ဒိယ၊ မလေး စသည်ဖြင့် လူမျိုးအားလုံးသည် မိမိကိုယ်ကို '' ဆင်ကာပူရီယန် '' ဟူ၍ခေါ်ဆိုခြင်းဖြစ်သည်။ သူတို့သည် မလေးရှားနှင့် အင်ဒိုနီးရှားစပ်ကြားတွင် ဂုဏ်ရှိစွာဦးမော့နေနိုင်ရခြင်းမှာ တူညီသောနိုင်ငံချစ်စိတ်ဓါတ်ကြောင့်ဖြစ်သည်။

ယနေ့အာရဗ်နိုင်ငံများတွင် မူဆလင်များအပြင် ခရစ်ယန်များ၊ ဂျူးများ၊ ဟိန္ဒူများလည်းနေထိုင်သည်။ အာရဗ်နိုင်ငံစုတွင် ခရစ်ယန်ဦးရေစုစုပေါင်း ၇ သန်းကျော်ရှိသည်။ အီဂျစ်ပြည်သား ဘုတရို့စ်ဂါလီသည် ကုလ္လသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သည်။ သူသည် ခရစ်ယန်ဖြစ်သည်။ သူ၏ဇနီးဖြစ်သူသည် ဂျူးလူမျိုးဖြစ်သည်။ ဤကဲ့သို့ပင် အီရတ်နိုင်ငံတွင်လည်း ခရစ်ယန်များသည် အရေးပါလှသောအစိုးရဌာနများကို အုပ်ချုပ်ရသည်။

ယနေ့ကမ္ဘာပေါ်တွင် လွတ်လပ်သောမူဆလင်နိုင်ငံ ၅၄ နိုင်ငံရှိသည်။ သူတို့တွင် O.I.C ဟုခေါ်သောအဖွဲ့အစည်းရှိသည်။ ယင်းအဖွဲ့နှင့်ဆက်နွယ်သော အာဖရိကညီညွတ်ရေးအဖွဲ့နှင့် အရှေ့တောင်အာရှရှိ အာဆီယံအဖွဲ့ရှိသည်။ သို့ဖြစ်၍ ကုလ္လသမဂ္ဂတွင် သူတို့၏စုစုပေါင်းအင်အားမှာ ၁၀၀ ကျော်ရှိနေသည်။ သူတို့လိုချင်သောပုံစံကို အင်အားကြီးနိုင်ငံများနှင့်အပေးအယူလုပ်ရန်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတစ်ခုခုတွင် မူဆလင်လူနည်းစုတို့ ညှဉ်းပမ်းနှိပ်စက်ခံရသည်ဟု သတင်းဖြစ်ပွါးလျင် ကုလ္လသမဂ္ဂရုံးကြီးပင် တုန်လှုပ်သွားရအောင် သူတို့ကလှုပ်ရှားလေ့ရှိသည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။

(ရောင်ခြည်ဦး)

Friday, December 17, 2010

ဘုံပျောက်မှာစိုးကြောက်မိရှာ (အပိုင်း ၄)

(အလောင်းဘုရားခေတ်မှ မီးလောင်မြှိုက်ထားသော ထိုင်းနိုင်ငံ၏ စေတီပုထိုးများ)

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာစိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၎

ခရစ်သက္ကရာဇ် ၁၂ ရာစုအတွင်း အိန္ဒိယနိုင်ငံတွင် ဝင်ရောက်မွှေနှောက်သော အာဖဂန်တို့ကြောင့် ဗုဒ္ဓဘာသာသည်. အိန္ဒိယမှပျောက်ကွယ်ရသည်ဟု ဟိန္ဒူသမိုင်းပညာရှင်တို့ကဆိုကြသည်။ ဖော်ပြပါ အာဖဂန်စစ်သွေးကြွများသည် မူလကဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ပြီး၊ အစ္စလာမ်ဘာသာနှင့်စပ်လျင်း၍ သိမြင်နားလည်သူမဟုတ်ပါ။ အစဦးပိုင်းတွင် အိန္ဒိယသို့ရောက်ခဲ့သော အာရပ်တို့ကြောင့် အိန္ဒိယနိုင်ငံရှိဆင်းရဲသားတို့ မင်းမြောက်ခဲ့ရသည်။

အာရပ်မူစလင်တို့သည် အိန္ဒိယနိုင်ငံရှိဆင်းရဲသားများ၊ ဇာတ်နိမ့်များ၊ လယ်ကျွန်များ၏ ရပိုင်ခွင့်များကို ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အာရပ်တို့ပြန်သွားပြီး နှစ်ပေါင်း ၂၀၀ ကျော်မှ အာဖဂန်တို့က အိန္ဒိယသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် အိန္ဒိယတိုက်နယ်သို့ဝင်ရောက်လာသောအခါ မည်သည့်ဘာသာ၊ မည်သည့်လူမျိုးဟုသတ်မှတ်ခြင်းမရှိဘဲ၊ သူခိုးဓါးပြကဲ့သို့ အားလုံးကိုပြုကျင့်ခဲ့သည်ဟု မူစလင်သမိုင်းပညာရှင်တို့ကလည်း ရေးသားထားပါသည်။

မူစလင်သမိုင်းပညာရှင်တို့၏ဖော်ပြချက်အရ အိန္ဒိယတွင်အုပ်ချုပ်ခဲ့သော မူစလင်ဘုရင်များသည် အစ္စလာမ်ဘာသာကို မည်သို့မျှကူညီဖြန့်ချီပေးခဲ့ခြင်းမရှိပါ။ အစ္စလာမ်ဘာသာကို သာသနာပြုခဲ့သော ပုဂ္ဂိုလ်တို့မှာ ဆူဖီဟုခေါ်သော မူစလင်ရသေ့ ဘာဘာကြီးများသာဖြစ်ကြောင်းသိရသည်။
ထိုမူစလင်သမိုင်းပညာရှင်တို့က ကျွန်တော့အား '' ဒီလိုပြောကြကြေးဆိုရင်၊ ခင်ဗျားတို့ကကော ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ ဘုရားပုထိုးများကိုဖျက်ဆီးခဲ့တာဘာကြောင့်လည်း '' ဟုပြန်လည်၍မေးမြန်းခဲ့ပါသည်။

ယနေ့အထိ ထိုင်းနိုင်ငံတွင် အလောင်းဘုရားလက်ထက်က ဗမာတို့ဖျက်ဆီးခဲ့သော ဗုဒ္ဓဘုရားကျောင်းကန်များကို ထိုင်းလူမျိုးတို့သည် ပြင်ဆင်ခြင်းမရှိဘဲ ဗမာတို့၏ လက်ချက်ဟု ကမ္ဘာလှည့်ခရီးသည်များကို ပြသနေဆဲပင်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မူစလင်များကို အထူးအရေးပေးခြင်းခံနေရဆဲဖြစ်သည်။ ထိုင်းနိုင်ငံတောင်ဘက်ရှိ ပတ္တာနီ၊ နာရသီဝ၊ ယာလာဟူ၍ ပြည်နယ် သုံးခုတွင် မူစလင်များအများစုရှိသည်။ ထိုင်းဘုရင်သည် မူစလင်တို့၏ဘာသာရေးဂိုဏ်းချုပ်ကို တိုက်ရိုက်ခန့်ပေးသည်။ ဂိုဏ်းချုပ်သည် အာဏာအပြည့်အဝရှိသည်။ ထိုင်းနိုင်ငံ၏ကက်ဘိနက်တွင် ဝန်ကြီး ၃-၄ ဦးမှာအစဉ်အမြဲ မူစလင်များကိုခန့်လေ့ရှိသည်။
အာရပ်မူစလင်နိုင်ငံတို့၏ပံ့ပိုးမှုဖြင့် ထိုင်းနိုင်ငံအကျိုးရှိနေသည်။ မူစလင်တို့၏ ဘာသာရေးသက္ကသိုလ်မှာ ဘန်ကောက်မြို့တွင်ခမ်းနားစွာရှိနေသည်။

ဤကဲ့သို့ပင် ကမ္ဘောဒီးယားတွင်လည်း မူစလင်များကို အရေးပေးခြင်းရှိသည်။ ကွန်မြူနစ် ပိုပေါ့လက်ထက်တုန်းက မူစလင်များသိန်းနှင့်ချီအသတ်ခံခဲ့ရသည်။ ယင်းအကြောင်းကို နောက်တက်လာသည့်အစိုးရက ကမ္ဘာသိအောင်ဖြန့်ချီခဲ့သည်။ ဤနှစ်နိုင်ငံစလုံးသည် ဗုဒ္ဓဘာသာလူများစုရှိသော နိုင်ငံများဖြစ်သည်။

ယင်းနှစ်နိုင်ငံထက်ပိုမို၍စိတ်ဝင်စားဖွယ်ရာနိုင်ငံကား သီဟိုဠ်ကျွန်း သီရိလင်္ကာပင်ဖြစ်သည်။ သီရိလင်္ကာတွင် တိုင်းရင်းသားလူမျိုး ဆင်ဟာလီစ်တို့သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အိန္ဒိယပြည်တောင်ပိုင်းမှ လာရောက်သူတမီလ်များသည် ဟိန္ဒူများဖြစ်ကြသည်။ တမီလ်တို့သည် ၃၀ % မျှရှိသည်။ နောက်ထပအစုတစ်စုက မူစလင်များဖြစ်ကြသည်။ ၁၆ % မျှရှိသည်။ ဗုဒ္ဓဘာသာဝင်အုပ်ချုပ်သူတို့နှင့်
တမီလ်ဟိန္ဒူတို့စပ်ကြားတွင် စစ်ဖြစ်နေကြသည်မှာ ကြာပြီဖြစ်သည်။ တမီလ်ဟိန္ဒူတို့၏အဖွဲ့က တမီလ်ကျားအဖွဲ့ဖြစ်သည်။ သူတို့သည် စင်ဟာလစ် ဗုဒ္ဓဘာသာဝင်တို့ကို ခေါင်းဆောင်မှုပေးသာ ရဟန်းတော်များကို အလွန်ရွံရှာစက်ဆုပ်မှုရှိကြသည်။ သို့ဖြစ်၍အကြိမ်ပေါင်းများစွာအထိ ရဟန်းတော်များကို ဓါးဖြင့်ကိစ္စတုံးပစ်ခဲ့သည့် သာဓကရှိသလို သီဟိုဠ်ရှိစွယ်တော် မြတ်စေတီကိုပင်လျင် ဗုံးဖြင့်ဖောက်ခဲ့သည်။ သီရိလင်္ကာရှိ မူစလင်များသည် ဗုဒ္ဓဘာသာဝင်များနှင့် မဟာမိတ်ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်များနှင့်အတူ မူစလင်များမှာလည်း တမီလ်ကျားသူပုန်တို့၏ ထိုးနှက်သတ်ဖြတ်ခြင်းကိုအလူးအလဲခံနေရရှာသည်။

သီရိလင်္ကာနိုင်ငံသည် မူစလင်များနှင့်အလွန်ရင်းနှီးသောနိုင်ငံဖြစ်သည်။ ထိုမျှမက သီရိလင်္ကာနိုင်ငံကို မူစလင်နိုင်ငံအများအပြားက ကူညီထောက်ပံ့လျက်ရှိနေသည်။ ဤဖော်ပြချက်များသည် မျက်မှောက်ခေတ်ဘာသာရေးဆိုင်ရာများ၏ ဆက်နွယ်မှုဖြစ်သည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။

(ရောင်ခြည်ဦး)

Sunday, December 5, 2010

ဘုံပျောက်မှာစိုးကြောက်မိရှာ (အပိုင်း ၃)

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ'' ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၃

ဤသို့ဗုဒ္ဓ၏ သံဃာ့ဂိုဏ်းသည် အတွင်းပြိုကွဲမှုများအထပ်ထပ်ဖြစ်ပေါ်လာခြင်းဖြင့် တဖြည်းဖြည်းအင်အားဆုတ်ယုတ်သွားခဲ့သည်။

(၁) သံဃာဂိုဏ်းအတွင်း ဂိုဏ်းငယ်အသီးသီးခွဲထွက်ခဲ့၍ စည်းလုံးသိပ်သီးမှုပြိုကွဲခဲ့ရသည်။
(၂) ဗုဒ္ဓမတိုင်ခင်က အိန္ဒိယနိုင်ငံတွင် အထင်အရှားရှိနေသော ဟိန္ဒူဝါဒ၊ ဗြဟ္မာဏဝါဒနှင့်ဂျိန်းဝါဒတို့၏ ထိုးနှက်မှုကို အလူးအလှဲခံရခြင်း၊

ဘီစီ ၃ ရာစု အတွင်း မောရိယလက်နက်နိုင်ငံကိုအုပ်ချုပ်ခဲ့သော ဧကရာဇ်ဘုရင်အာသောကမင်းကြီး (ဘီစီ ၂၇၃ - ၂၃၂ ခန့်) သည် ဗုဒ္ဓသာသနာကို အလွန်အကျူးချီးမြှောက်ခဲ့ပြီး၊ မောရိယနိုင်ငံတော်တစ်ဝန်းလုံးဗုဒ္ဓသာသနာနှင့် ဗုဒ္ဓဝါဒပြန့်ပွါးရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ဤခေတ်သည် ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဗုဒ္ဓသာသနာအထွတ်အထိပ်ကိုရောက်ခဲ့သော ခေတ်ဟုဆိုရပါမည်။ (သို့သော် အာသောကမင်းကြီးကို ဆက်ခံခဲ့သော သူ၏မြေးဖြစ်သောမင်းများသည် ဂျိန်းဝါဒီများဖြစ်ကြ၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ချီးမြှောက်ခြင်းမရှိခဲ့ပါ။ မောရိယမင်းဆက်ပျက်သုဉ်း၍ သုင်္ဂမင်းဆက်ကိုတည်ထောင်ခဲ့သော ပုရှ်မိတြဟိန္ဒူမင်း (ဘီစီ ၁၅၀ - ၁၈၅) သည် ဘီစီ ၂ ရာစု ကုန်လုနီးအတွင်း ဗုဒ္ဓဝါဒီအကြီးအကျယ်နှိပ်ကွပ် ညှဉ်းပမ်းခဲ့သည်။ ရဟန်းကျောင်းများ၊ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကိုလည်း မီးတိုက်ဖျက်ဆီးခဲ့သည်။ ဗုဒ္ဓရဟန်းတော်အများအပြားတို့သည် အိန္ဒိယပြည်အလယ်ပိုင်းဒေသမှ ယခုပါကစ္စတန်ရှိရာ ပန်ဂျပ်နယ်မြေကို ပြေးဝင်ခိုလှုံခဲ့ရသည်။

ထို့အပြင် ခရစ်နှစ် ၇ ရာစုတွင်အုပ်စိုခဲ့သော ဂုပ်တာနန်းဆက်မှ သလက်မင်းကလည်း ဟိန္ဒူဝါဒကိုမြှောက်စားလို၍ ဗုဒ္ဓဝါဒီများနှင့် သာသနိက ကဆောက်အအုံများကို ဖျက်ဆီးရုံသာမက မဟာဗောဓိပင်ကိုပါ အမြစ်မှတူးဖြတ်ဖြိုလှဲချခဲ့သည်။ တရုတ်ရဟန်းကြီး ဖာတီယန်အစ်စင်နှင့် ဟိယန်ဆင်တို့၏ မှတ်တမ်းများအရ ဗုဒ္ဓသာသနာသည် ကျယ်ပြန့်ခိုင်မာမှုမရှိတော့ဘဲ၊ အိန္ဒိယအလယ်ပိုင်း၊ အရှေ့ဘက် ဘင်္ဂလားနယ်၊ တောင်ဖက် ဒက်ခန်ကုန်းမြင့်တဝိုက်၌သာ ကြိုကြားကြိုကြားသာကျန်ရှိတော့ကြောင်း ဆိုထားသည်။

(၃) ခရစ်သက္ကရာဇ် ၃ ရာစု အတွင်းက ကသ္မီရနယ်ရှင် ဟန်မင်းဆက်မှ ဟိန္ဒူဘုရင် မဟိရကုလသည် ယနေ့ပါကစ္စတန်နိုင်ငံတွင် ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသော ဂန္ဓာရတိုင်းကို မွှေနှောက်ချေမှုန်းခဲ့ရာ၌ ဗုဒ္ဓဝါဒီအများအပြားကို သုတ်သင်ခဲ့သည်။ ဤ အချက်များသည် သမိုင်း၏ဖျောက်ဖျက်မရနိုင်သော အမှန်တရားများဖြစ်သည်။ (ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာရပ်ဆိုင်ရာ စာပေစဉ်များတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။)

မူစလင်တမာန်တော် မိုဟာမက်သည် ခရစ်သက္ကရာဇ် ၅၇၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သို့ဖြစ်၍ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာသည် မိုဟာမက် မမွေးခင်ကပင် ပျောက်ပျက်နေပြီးဖြစ်သည်။ မိုဟာမက် ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀၀ လောက်တွင် အစ္စလာမ်ဘာသာသည် အိန္ဒိယသို့ ရောက်ရှိခြင်းဖြစ်သည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။

(ရောင်ခြည်ဦး)

Sunday, November 28, 2010

ဘုံပျောက်မှာ စိုးကြောက်မိရှာ ( အပိုင်း ၂ )

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကိုတင်ဆက်သည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည်
'' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ''
ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။ သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။ (ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ဘုံပျောက်မှာ စိုးကြောက်မိရှာ နောက်ဆက်တွဲ အပိုင်း ၂

တခါတရံတွင်မူ အိန္ဒိယ၏ရိုးရာဓလေ့များ၊ အနုပညာများကို မူဆလင်တို့က ပိုမိုစွဲမြဲစွာထိန်းသိမ်းထားကြောင်းတွေ့မြင်နိုင်သည်။ အိန္ဒိယနိုင်ငံတွင် နိုင်ငံရေးအဖွဲ့များသည် (မြန်မာစစ်အစိုးရလို) ဘာသာရေးကို သူတို့အာဏာရရှိရေးအတွက် အသုံးချလေ့ရှိသည်။ အယုဒ္ဓယဗလီကျောင်းမြေနေရာသည် ဟိန္ဒူဘုရားပွင့်ရာ နေရာဖြစ်သည်ဟု အတိုက်အခံတို့က နိုင်ငံရေးအရအသုံးချခဲ့သည်။

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဟိန္ဒူအစွန်းထွက်များက အယုဒ္ဓယဗလီကျောင်းကိုဝင်ရောက်ဖျက်ဆီးသိမ်းပိုက်ခဲ့ရာ ယင်း၏နောက်ဆက်တွဲအဖြစ် ဟိန္ဒူဘုရားကျောင်းမြောက်များစွာ ဖျက်ဆီးခံခဲ့ရသည်။ ယင်းအယုဒ္ဓယဗလီကိစ္စကြောင့်အိန္ဒိယနိုင်ငံသည် ရူပီငွေကုဋေပေါင်း ၄၀၀၀ ကျော်ဆုံးရှုံးပြီး၊ လူပေါင်း တစ်သိန်းနီးပါးသေခဲ့ရသည်။ နိုင်ငံရပ်ခြားရှိ အိန္ဒိယနိုင်ငံ၏ကုန်သွယ်ဖက် မူဆလင်နိုင်ငံများဝယ် ဈေးကွက်လက်လွတ်ဆုံးရှုံးခဲ့ရသည်။ ယင်းသည် အိန္ဒိယနိုင်ငံ၌သာမဟုတ် ဥရာပတိုက်ရှိ ဗြိတိန်နိုင်ငံအထိဖြစ်ခဲ့ရသည်။ မူဆလင်တို့သည် သူတို့ဘာသာဝင်များကို ကမ္ဘာ၏ဘယ်အရပ်ဒေသတွင်မဆိုထိခဲ့လျှင် သူတို့ဘက်ကတန်ပြန်ကလဲ့စားချေသည့်အလေ့ရှိသည်။

၁၉၈၇ ဝန်းကျင်တွင် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ဗလီဘုရားကျောင်းနှင့် မူဆလင်တို့၏ အိမ်ယာများဖျက်ဆီးခံခဲ့ကြရသည်ကို အကြောင်းပြု၍ အင်ဒိုနီးရှားနိုင်ငံရှိ ဗောရောဗုဒ္ဓောဘုရားကျောင်း၏ အရံစေတီတစ်ဆူကိုဖျက်ခဲ့သည်တို့ကိုမမေ့အပ်ပေ။

၁၉၉၆ ခုနှစ်၊ မတ်လတွင် ရန်ကုန်မြို့တွင် ဗလီဘုရားကျောင်းများကို မြန်မာတို့မှဝင်ရောက်ဖျက်ဆီးခဲ့ကြသည့် သတင်းကြောင့် ကမ္ဘာ့မူစလင်တို့ မကျေမနပ်ဖြစ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံရှိ တာလီဘန်တို့က သူတို့နိုင်ငံရှိတောင်ကြီးထက်တွင် ထုလုပ်ထားသည့် ရှေးဟောင်းဗုဒ္ဓဘုရားရုပ်ထုကို ဖောက်ခွဲဖြစ်မည်ဟု ခြိမ်းခြောက်သေးသည်။ ဤကိစ္စကို ကုလသမဂ္ဂယူနက်စကိုက မေတ္တာရပ်ခံမှ သူတို့လက်လျော့လိုက်ခြင်းဖြစ်သည်။ ယနေ့ဗုဒ္ဓအထိမ်းအမှတ် အဆောက်အဦးအများအပြားသည် အာဖဂန်နစ္စတန်နှင့် ပါကိစ္စတန်နိုင်ငံတွင် အများအပြားရှိနေသည်။

သူတို့သည် ယင်းအထိမ်းအမှတ်များကို သူတို့၏ရှေ့ဟောင်းအမွေအနှစ်အဖြစ်ဂုဏ်ယူဖောပြလေ့ရှိသည်။ ပါကိစ္စတန်နိုင်ငံသည် တက္ကသီလာအပါအဝင် ယင်းရှေးဟောင်းဂန္ဓာရ ယဉ်ကျေးမှုကိုအကြောင်းပြု၍ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်များထံမှ နိုင်ငံခြားငွေအများအပြား သန်းချီရရှိနေသည်။

ကျွန်တော်မူစလင်နိုင်ငံတွင် မူစလင်တို့စပ်ကြားတွင်နေထိုင်ခဲ့စဉ်က ဘာသာရေးဆိုင်ရာကျွမ်းကျင်သော ပါရဂူများနှင့် ဆွေးနွေးခဲ့ဘူးပါသည်။ သူတို့အဆိုအရ မူစလင်တဦးသည် အခြားဘာသာဝင်တဦးကို တနည်းနည်းဖြင့်ဒုက္ခပေးခဲ့လျှင်လည်းကောင်း၊ အခြားဘာသာတို့၏ဘုရားကျောင်းများကိုဖျက်ဆီးခဲ့လျှင်လည်းကောင်း၊ သူတို့၏အလ္လာဟ်ဘုရားက အပြစ်ပေးမည်ဖြစ်ကြောင်း၊ ယင်းသူသည် ငရဲကျမည့်အကြောင်း သူတို့ဘုရားစာကိုရမ်ကျမ်းတွင် ပညတ်ထားကြောင်းပြောပြကြသည်။ ကျွန်တော်ကလည်းအတိတ်ကာလက မူဆလင်တို့မှာ ဗုဒ္ဓဘုရားကျောင်းများကို ဖျက်ဆီးခဲ့ကြောင်းပြောပြရာ ထိုပါရဂူပညာရှင်တို့က အကိုးအကားဖြင့် အောက်ပါအတိုင်း ယင်းစွပ်စွဲချက်များကိုရှင်းပြခဲ့သည်။

BC 6 ရာစုခေတ်မှစ၍ အိန္ဒိယနိုင်ငံ ဘာသာကိုးကွယ်မှုသမိုင်းတွင် ဗုဒ္ဓသာသနာသည် သူ၏ဇာတိမြေတွင် နှစ်ပေါင်း ၁၆၀၀ ခန့်တိတိ တည်တံ့ခဲ့သည်။ ခရစ်သက္ကရာဇ် ၁ မှ ၈ ရာစုနှစ်များတွင် ဗုဒ္ဓသာသနာသည် အိန္ဒိယမြေမှလုံးဝပြောက်ကွယ်ခဲ့ရသည်။ ဤသို့ပျက်သုဉ်းရခြင်း၏ အဓိကအကြောင်းရင်း သုံးခုမှာ -

ရှင်ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခဲ့သော ဘီစီ ၅ ရာစု ကုန်လုနီးကာလအတွင်း ရှင်ဗုဒ္ဓထူထောင်ခဲ့သော ဓမ္မဝါဒီတို့အားကောင်းနေသည်ဖြစ်၍ တလုံးတစည်းတည်းဂုဏ်ရောင်ထွန်းပြောင်ခဲ့ရသည်။ သို့သော် ဒုတိယသင်္ဂါယနါတင်ပွဲ (ဘီစီ ၄ ရာစု) နှင့် တတိယ သင်္ဂါယနါတင်ပွဲ (ဘီစီ ၄ ရာစု)တို့ ကျင်းပချိန်တွင်ဗုဒ္ဓသံဃအဖွဲ့သည် ဂိုဏ်းကွဲ (၁၈) ခုအထိကွဲခဲ့ရသည်။ မူလပင်မအုပ်စုကြီးအသွင်မှ ထေရဝါဒဂိုဏ်း၊ သဗ္ပတ္တိဝါဒဂိုဏ်း၊ မဟာသံယိတဂိုဏ်းကြီးများအဖြစ် အပြိုင်အဆိုင်နယ်ဖြန့်၍ သာသနာပြုခဲ့သည်။ ဤခေတ်တွင် သဗ္ပတ္တိဝါဒဂိုဏ်း နှင့် သံယိတဂိုဏ်းတို့၏အယူဝါဒသည် မူလထေရဝါဒဂိုဏ်းနှင့် သိသိသာသာကွဲပြားသွား၍ အများကြိုက်ဘာသာရေးအသွင် ကူးပြောင်းပုံပျက်သွားကာ မဟာယာနဗုဒ္ဓဘာသာဟူ၍ တသီးတခြားထွက်ပေါ်လာခဲ့သည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။

(ရောင်ခြည်ဦး)

Saturday, November 20, 2010

ဘုံပျောက်မှာစိုးကြောက်မိရှာ ( အပိုင်း ၁ )

နမောတသ ဘဂ၀တော အရဟတော သမ္ဗာသမ္ဗုဒ္ဓဿ

အပိုင်း ၁

မြန်မာတစ်မျိုးသားလုံး အိမ်နီးချင်းနိုင်ငံများကိုကြည့်ပြီး သတိသံဝေဂရကြစေရန် ဤဆောင်းပါးကို မူရင်းအတိုင်းတင်ဆက်လိုက်ပါသည်။

မြတ်စွာဘုရားသည် မုန်းတီးမှု၏အကျိုးတရားများကို ကောင်းစွာ သိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမှုဟူသော အကြောင်းကြောင့် မိမိတို့၏ ဘဝကို ဖျက်ဆီးလိုက်ကြသောသူတို့ကို မြတ်စွာဘုရားမြင်တွေ့တော်မူခဲ့သည်။ ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် '' မုန်းတီးမှုကြောင့် မုန်းတီးမှုသည် မပြီးဆုံးနိုင် '' '' သင်အမုန်းပွါးလေလေ အခြေအနေပိုဆိုးရွားလေလေ''
ဖြစ်ကြောင်းကို ပြတ်ပြတ်သားသားမိန့်ကြားနိုင်ခဲ့သည်။

သင်ကကျွန်ုပ်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုမုန်း၏။ ကျွန်ုပ်ကသင့်ကိုပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက တဆင့်ဆင့်တိုးပွါးလာရာ သင်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အချင်းချင်းမုန်းတီးမှုဟူသော မီးလောင်တိုက်တွင် လောင်မြိုက်ခြင်းခံရသည်အထိဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တဘက်ဘက်က အမုန်းပွါးမှုကို ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရား မြင်တော်မူ၏။

တဘက်ဘက်ကဖြစ်စေသို့မဟုတ် နှစ်ဘက်စလုံးကဖြစ်စေ၊ မုန်းတီးမှုကိုမိတ်ဖြစ်မှုနှင့် သို့မဟုတ် ချစ်ခင်မှုနှင့် အောင်နိုင်အောင်မကြိုးစားလျှင် ဤမုန်းတီးမှု အစဉ်အတန်းသည် မည်သည့်အခါမျှ ဆုံးခန်းတိုင်မည် မဟုတ်ချေ။
(ဒေါက်တာမင်းတင်မွန်၊ ဗုဒ္ဓဝါဒနှင့် ခေတ်သစ်ဘဝ၊ စာမျက်နှာ ၅၅-၅၆)

ကျွန်တော်သည်ဗုဒ္ဓဘာသာဝင်အငြိမ်းစား သံအမတ်ကြီးတစ်ဦးဖြစ်ပါသည်။ သက်တမ်းအားဖြင့် နိုင်ငံဝန်ထမ်းတာဝန်ကို ၃၅ နှစ်မျှ နိုင်ငံရပ်ခြားတွင်ထမ်းဆောင်ခဲ့ပါသည်။ ကံအားလျှော်စွာ ယင်းနိုင်ငံများသည် အများအားဖြင့်မူစလင်များရှိသော နိုင်ငံများဖြစ်နေပါသည်။ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ အီဂျစ်ပြည်၊ ယူဂိုစလပ်နှင့် အိန္ဒိယနိုင်ငံများသို့ ကျွန်တော်ရောက်ခဲ့ရပါသည်။ ဤသို့အားဖြင့် ယင်းဒေသရှိမူစလင်များအကြောင်းကို အနီးကပ် လေ့လာခွင့်ရရှိခဲ့ပါသည်။ များမကြာမီက ဖြန့်ချီနေသော '' မျိုးပျောက် မှာစိုးကြောက်ရ '' အမည်ရှိ မူစလင်ဆန့်ကျင်ရေး (ဝါ) ကုလားမူစလင်ဆန့်ကျင်စာတမ်းတစ်ခုကို ရရှိခဲ့ပါသည်။

ဤစာတမ်းပါအချက်အလက်များကိုလေ့လာကြည့်သောအခါ အိန္ဒိယနိုင်ငံတွင်တရားဝင်ဖြန့်ချီနေသော အာရိယာစမာခ်ျ (ခေါ်) အာရိယာသမဂ္ဂအဖွဲ့၊ R.S.S ၊ ဂျန်နဆင်းစသည်ဖြင့် ဟိန္ဒူတယူသန်အဖွဲ့အစည်းများ၏ စာတမ်းပါအချက်အလက်များ ဖြစ်နေကြောင်းတွေ့ရသည်။ ဤအဖွဲ့အစည်းများသည် လွန်ခဲ့သော ၁၉၂၀ ပြည့်နှစ်လောက်ကစ၍ မူစလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုပြုလုပ်လာခဲ့ရာ အိန္ဒိယတိုက်နယ်ဒေသတွင် ပါကစ္စတန် နှင့် အိန္ဒိယဟူ၍ နှစ်နိုင်ငံပေါ်ထွန်းလာခြင်းသည်သာ အမှတ်ထင်ခဲ့ရသည်။ မူစလင်လူမျိုးများရှိရာဒေသသည် ပါကစ္စတန်နိုင်ငံအဖြစ်ခွဲထွက်သွားသော်လည်း ယနေ့အထိ အိန္ဒိယနိုင်ငံတွင်မူစလင်တို့ အင်အားကားကြီးထွားဆဲပင်ဖြစ်သည်။

အိန္ဒိယနိုင်ငံကိုအုပ်ချုပ်လိုသော နိုင်ငံရေးအဖွဲ့အစည်းများသည် မူစလင်တို့နှင့် အပေးအယူပြုလုပ်ရလေ့ရှိသည်။ အရင်အုပ်ချုပ်ခဲ့သော V.I.P ဟိန္ဒူအစွန်းထွက်နိုင်ငံရေးအဖွဲ့အစည်းသည်ပင် အာဏာရရှိရန် သူတို့၏ မူစလင်ဆန့်ကျင်ရေးကြွေးကြော်သံများနှင့် ခံယူချက်စောင်ပုဒ်များကို ရုပ်သိမ်းခဲ့ရသည်။

'' မျိုးပျောက်မှာစိုးကြောက်ရ '' စာတမ်းတွင်ပါဝင်သကဲ့သို့ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူများသည် မူစလင်များကိုမုန်းတီးသည်။ အတိတ်ကခဲမှန်ဖူးသည်ဟူသော ရေးသားချက်ကား လုံးဝပင်မှားယွင်းနေသော ဖော်ပြချက်ဖြစ်နေသည်။ တခါတရံဖြစ်လေ့ဖြစ်ထရှိသော ဘာသာရေး အဓိကရုဏ်းမှအပ အိန္ဒိယသားတို့သည် တူညီသောအမျိုးသားရေးစိတ်ဓါတ် ထားရှိကြသည်ကိုတွေ့ရသည်။

နောက်အပိုင်းဆက်ကို ဆက်လက်ဖော်ပြပါဦးမည်။

(ရောင်ခြည်ဦး)

Saturday, April 10, 2010

ဘုရားရှင်ရဲ့အဆုံးမအတိုင်း ပြန်လည်စဉ်းစားတွေးခေါ်ဖို့ လိုအပ်

အကြင်သူသည် သတ္တဝါအားလုံးတို့အပေါ် ၌ မေတ္တာစိတ် အဖို့အစုရှိသည်ဖြစ်၍
တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မညှဉ်းဆဲ၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ။
မိမိကိုယ်တိုင်လည်း အနိုင်မယူ၊
သူတစ်ပါးတို့ကိုလည်း အနိုင်မကျင့်စေ။
ထိုမေတ္တာပွားသူအား တစ်စုံတစ်ခုသော အတွင်းရန် အပြင်ရန်ဟူ၍ မရှိနိုင်။
(အင်္ဂုတ္တိုရ်ပါဋ္ဌိတော် ။ ပထမတွဲ မေတ္တသုတ် .. ၄၄၃။)

ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူတစ်ပါးကိုအကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည် ချေပရမယ်လို့ မဟောခဲ့ ...လူသတ္တဝါအားလုံးတို့အပေါ်၌ မေတ္တာစိတ်ထားရန်သာဟောကြားခဲ့တယ်... ကိုယ့်နှုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်း စာတစ်ကြောင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ မဆန့်ကျင်နေဖို့ အဓိကလိုအပ်သည်။

ခုတလော အွန်လိုင်းပေါ်မှာ ဘာသာရေးကို အခြေခံပြီး ပုတ်ခတ်ပြောဆိုနေကြတာတွေ မြင်တွေ့နေရပါတယ်။ ဒါဟာအင်မတန်မှ အရုပ်ဆိုးအကြည်းတန်စေပါတယ်..။ ကိုးကွယ်မှုဆိုင်ရာဆိုင်ရာတွေမှာ သူ့ခံယူချက် သူ့ယုံကြည်ချက်တွေနဲ့ မြတ်နိုးကိုးကွယ်နေကြတာတွေ ရှိကြပါတယ်။ ကိုယ့်ယုံကြည်ကိုးကွယ်မှုကို ထိပါးပုတ်ခတ်လာတာတွေကို လက်သင့်ခံလို့မရသလို.. အခြားဘာသာတွေကို ပုတ်ခတ်စော်ကားမှု ပြုနေတာကိုလည်း အားပေးအားမြောက်ပြုဖို့ မလိုအပ်ပါဘူး။ အဓိကကတော့. ကိုယ်ကိုးကွယ်ယုံကြည်ရာဖြစ်တဲ့ ကိုယ့်သာသနာရဲ့တန်ဖိုးကို မြှင့်ပေးချင်တယ်ဆိုရင်.. မိမိကိုယ်တိုင်ပဲ မြင့်သထက်မြင့်လာအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိသလို.. နိမ့်ကျအောင်လုပ်မယ်ဆိုရင်လည်း မိမိကိုယ်တိုင်ပဲ နိမ့်ကျသထက် နိမ့်ကျအောင် လုပ်နေသလိုတွေ ဖြစ်နေတတ်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အဲ့ဒါအဓိကအကြောင်းရင်းပါ။ အချို့တွေက ကိုယ့်သာသနာကိုထိလာရင် အရုပ်ဆိုးအကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည်ချေပတာတွေ ရှိတတ်ပါတယ်။ ဒါတွေဟာ သာသနာကို ချစ်နေသလိုလို.. ကာကွယ်နေသလိုလိုနဲ့ နိမ့်ကျသည်ထက် နိမ့်ကျအောင် လုပ်နေတာနဲ့ တူပါတယ်။ ဒါကိုတော့ ဗုဒ္ဓဘာသာတွေအနေနဲ့ အဓိကသိထားဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ဘုရားရဲ့အဆုံးမအောက်မှာ ဘုရားရှင်ရဲ့ဆုံးမစကားတွေနဲ့ လိုက်နာကျင့်ကြံနေကြတဲ့သူတွေလို့ ပြောမယ်ဆိုရင် ဘုရားရှင်ဟာ ကျွန်တော်တို့တွေရဲ့ လက်ဦးဆရာလို့ ဆိုရမှာပါ။ ဒီတော့.. ကိုယ့်ရဲ့ဆရာရဲ့အဆုံးမတွေဟာ ဘာတွေလဲ.. ဘယ်လိုတွေ သင်ခဲ့လဲ.. ဘယ်လိုတွေ နေထိုင်ကျင့်ကြံဖို့ သင်ခဲ့လဲ ဆိုတာတွေနဲ့ နေထိုင်ပြုမူပြီး လိုက်နာကျင့်ကြံတတ်ဖို့လိုပါတယ်။ ဘုရားရှင် လက်ထက်တော်အခါတုန်းက.. ဘုရားရှင်ကို ထိပါးပုတ်ခတ်ယုံမျှ မကပါဘူးနော်.. အမျိုးမျိုး ဆဲရေးတိုင်းထွာတာတွေ.. အမျိုးမျိုး လုပ်ကြံသတ်ဖျတ်တာတွေ များစွာပါပဲ.. အဲ့ဒီ့များစွာတွေထဲမှာ ဘုရားရှင် ဘယ်လိုသာသနာပြုခဲ့သလဲ.. ဘယ်လိုမျိုး ပြုပြင်ဆုံးမပေးခဲ့သလဲ ဆိုတာလေးတွေကို မှတ်သားနှလုံးသွင်းဖို့ လိုအပ်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူ့အပေါ်တိုက်ခတ်မှုတွေ.. ဝေဖန်ပုတ်ခတ်မှုတွေ.. လုပ်ကြံသတ်ဖြတ်မှုတွေကို ဒီလိုမျိုး အကြည်းတန်စေတဲ့ စကားတွေနဲ့ ပြန်လည် ချေပရမယ်လို့များ ဟောပြဆုံးမခဲ့ပါသလား.. ဒီလိုထိပါးပုတ်ခတ်လာမှုတွေကို ဒီလိုပဲ မကြားဝင့်မနာသာ စကားတွေနဲ့ ပုတ်ခတ်ပြောဆိုပြစ်ရမယ်လို့များ ဆုံးမထားခဲ့ပါသလား။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ယုတ်ညံ့တဲ့စကားမျိုးတွေ ပြောဖို့နေနေသာသာ.. နှုတ်ကနေ လိမ်လည်ပြောဆိုမှုမျိုးကို တစ်ခွန်းတစ်ပါဒမျှ မပြုမှုခဲ့တဲ့အတွက် သုဂတ ဂုဏ်တော်နဲ့ ရှိခိုးကြည်ညို အပူဇော် ခံထိုက်နေတာပါ။ ဒီတော့.. ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေမှန်ရင်.. အားလုံးဟာ ဘုရားရှင်ရဲ့ တပည့်သားတွေပါပဲ.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ ရှင်သန်နေထိုင်တဲ့သူတွေဟာ ဒီလိုမျိုး နိမ့်ကျနေတဲ့စကားတွေနဲ့ ပြန်လည်ပုတ်ခတ်နေမယ်ဆိုရင်.. ဘုရားရှင်ရဲ့ အဆုံးမတွေကိုပါ နိမ့်ကျနေတယ်လို့ ပြောနေတာနဲ့ တူနေပါတယ်။ ဒီတော့ တခြားသူတွေ ဘယ်လောက်ရိုင်းရိုင်း တို့ဗုဒ္ဓဘာသာတွေ မရိုင်းဖို့လိုတယ်.. တခြားသူတွေဘယ်လောက် ပုတ်ခတ်ပုတ်ခတ်.. တို့ဗုဒ္ဓဘာသာတွေ မပုတ်ခတ်ဖို့လိုတယ် ဆိုတာလေး ပြောချင်မိပါတယ်။

ပုတ်ခတ်တဲ့သူတွေကို တဖက်ကပြန်ပြီး တွေးကြည့်မယ်ဆိုရင် သနားဖို့ကောင်းတဲ့လူတွေလို့ပဲ မြင်မိပါတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်ကို အမျိုးမျိုး လုပ်ကြံစွပ်စွဲပုတ်ခတ်ခဲ့တဲ့ ဒေ၀ဒတ္တ၊ ကိုယ်ဝန်ဟန်ဆောင်ပြီး စွပ်စွဲတဲ့ စိဉ္စမာနတို့လိုမျိုး အခြားအခြားသောပုဂ္ဂိုလ်တွေဟာ.. တကယ်တော့ သနားစရာတွေပါပဲ။ အတိတ်ကံရဲ့အကျိုးပေးတွေကိုက ဘုရားရဲ့အဆုံးမနဲ့ ဆန့်ကျင်ပြီး အတိုက်အခံလုပ်ဖို့ကံတွေ ပါလာခဲ့ရတာပါ။ “ပျက်စီးချိန်တန်လာလျှင် မည်သူကပင် သတိပေးပြောဆို တားမြစ် ဆုံးမပါသော်လည်း နားမ၀င်ဘဲ မိမိလုပ်သမျှ အပြုအမူ အနေအထိုင် အပြောအဆိုများကိုသာ အမှန်ထင်နေတတ်၏” ဆိုတဲ့ အဆုံးမအတိုင်းလို့ပဲ နှလုံးသွင်းရမှာပါပဲ။ “မောဟအမှောင် အားကြီးလာလျှင် အမေပြောလည်းမရ၊ အဖေပြောလည်းမရ၊ နောက်ဆုံး ဘုရားပြောသော်လည်း ရမည်မဟုတ်ပေ” ဆိုတဲ့ အတိုင်းပါပဲ.. ဘယ်လောက်ကြီးပဲ ကြည်ညိုထိုက်တဲ့ဂုဏ်တွေ.. ရိုသေလေးစားထိုက်တဲ့ဂုဏ်တွေ ရှိနေပါစေ.. ဘယ်လောက်ကြီးပဲ ကောင်းမွန်တဲ့လမ်းကြောင်းတွေ ပြောပြပြီးဆုံးမနေပါစေ.. မောဟအမှောင် အားကြီးလာရင်တော့ ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ပါဘူး..။ သူ့လမ်းကြောင်းသူ လျောက်နေတယ်လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာပါ။ ဒါကိုမှ ကိုယ်ကသွားပြီး မကြည်ညိုရကောင်းလား.. စော်ကားနေရတာလား ဆိုရင်တော့ သူ့ကိုအမှီပြုပြီး ကိုယ်ပါ အကုသိုလ် များစေနိုင်ပါတယ်။

ဆရာတော်တစ်ပါးဟောပြဆုံးမပေးတာလေး မှတ်သားမိပါတယ်.. “လူတစ်ယောက်နဲ့ ပြိုင်ပြီး ငြင်းဆိုပြောဆိုနေတာတွေ.. ဆဲရေးတိုင်းထွာပုတ်ခတ်နေတာတွေဟာ ကိုယ့်အဆင့်ကို သူနဲ့တန်းတူမညီ ညီအောင် လုပ်နေတာနဲ့ တူတယ်” ဆိုတဲ့ ဆုံးမစကားလေးပါ။ သူရိုင်းတိုင်း လိုက်ရိုင်းရရင် ကိုယ်ပါ လူရိုင်းဖြစ်သွားမယ်ဆိုတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ အဆုံးမအထိန်းကွပ် မရှိတဲ့ ဘာသာမဟုတ်ပါဘူး.. ဘုရားရှင်ရဲ့အဆုံးမအောက်မှာ နေထိုင်ကျင့်ကြံနေကြတဲ့ ဘာသာဝင်တွေပါ။ ဒီတော့ ဘုရားရှင်ရဲ့ အဆုံးမတွေကို မှန်ကန်ကြောင်း ပြချင်ရင်.. အဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံနေတဲ့သူတွေဟာ ဘယ်လောက်ထိ အဆုံးမအတိုင်း နေထိုင်နိုင်သလဲဆိုတာနဲ့ပဲ ဖော်ကျူးရမှာပါ။ ငါတို့အဆုံးမတွေက မှန်တယ်လို့ အော်နေစရာမလိုပါဘူး.. မှန်တာနဲ့ထိုက်တန်နိုင်အောင် နေထိုင်ပြနိုင်ဖို့ဟာ ပိုပြီး အရေးမကြီးပေဘူးလား..။ အဲ့ဒါဟာ အဓိကပါပဲ..။

နောက်တစ်ချက်အနေနဲ့ကတော့.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဆုံးမခဲ့တဲ့.. “ရဟန်းတို့… သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့်ကြောင်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်” ဆိုတဲ့ အဆုံးမလေးပါ။ ဒီတော့ ဘုရားရှင်ရဲ့အဆုံးမအတိုင်း ပြန်လည်စဉ်းစားတွေးခေါ်ဖို့ လိုအပ်ပါတယ်။ ကိုယ်ပြန်လည်ဖြေရှင်းပေးရမယ့်သူ.. ဟောပြဆုံးမပေးရမယ့်သူဟာ ကိုယ်ပြောဆို ရှင်းလင်းပြတဲ့အမှန်တရားကို လက်သင့်ခံနိုင်တဲ့ဥာဏ်မျိုး ရှိတဲ့သူလား.. ဒါမှမဟုတ် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ့ရဲ့အမြင်တွေ အတွေးတွေ ပြောင်းလဲသွားနိုင်မှာလား ဆိုတဲ့အကြောင်းကို ဦးစွာစဉ်းစားဖို့ လိုအပ်တယ် ဆိုတာလေးပါ။ ကျွန်တော်ပြောတဲ့အထဲမှာ ဘုရားရဲ့အဆုံးမတွေကို ဒီအတိုင်း ပြီးစလွယ် ဘယ်သူစော်ကားနေနေ လက်ပိုက်ကြည့်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူးနော်.. ဟုတ်တိုင်းမှန်စွာ လက်ခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဘုရားရှင် အဆုံးမအတိုင်း ပြောပြဆုံးမပေးပါ.. လက်မခံနိုင်တဲ့သူမျိုးဆိုရင်တော့ ဦးစွာစဉ်းစားချင့်ချိန်ပြီးမှ ပြောဆိုပါလို့ တိုက်တွန်းပါရစေ..။

ဒီအကြောင်းရာလေးကို ရေးရတာဟာ ဘယ်သူ့ဘယ်သူမှ ပုတ်ခတ်လိုပြီး ပြောလိုခြင်းမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်အများစုကို သတိထားပြီး လုပ်ကိုင်ပြောဆိုစေချင်တဲ့ သဘောလေးပါပဲ။ ကျွန်တော်တို့ သာသနာဟာ သူများပါးစပ်မှာတင် လမ်းဆုံးသွားမယ့်ဘာသာမျိုး မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ သူများ နှိမ့်ချတိုင်းလည်း မနိမ့်ကျနိုင်သလို.. သူများ ချီးမွမ်းတိုင်းလည်း သဘောကျနေရမယ့်ဘာသာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ နှုတ်ကထွက်လိုက်တဲ့ စကားတစ်ခွန်း.. ရေးသားလိုက်တဲ့ စာတစ်ကြောင်းဟာ ဗုဒ္ဓရဲ့အဆုံးမတွေနဲ့ မဆန့်ကျင်နေဖို့ အဓိကလိုအပ်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးမနဲ့ ဆန့်ကျင်ပြီး လုပ်ကိုင်ပြောဆိုနေမယ့်အစား ဗုဒ္ဓဘာသာ မဟုတ်ဖူးလို့ ပြောလိုက်တာဟာ ပိုပြီးသင့်တော်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ပြောလိုက်တဲ့စကား.. ကိုယ်ရေးလိုက်တဲ့ အရေးသားတွေဟာ ဘုရားရှင်ရဲ့ အဆုံးမတွေကို ဖျက်ဆီးစော်ကားရာ ရောက်နေပါတယ်..။ ဒါ့ကြောင့် ဘုရားရှင်ရဲ့အဆုံးမတွေကို မိမိကိုယ်တိုင် ဖျက်ဆီးနေတဲ့သူမျိုး မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ အဓိက မှာလိုပါတယ်..။ ဘုရားရှင်ရဲ့သာသနာအတွက် ဘုရားရှင်ရဲ့အဆုံးမတွေကို လိုက်နာကျင့်ကြံခြင်းဖြင့် မိမိရဲ့ဘာသာသာသနာကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..။ ကိုယ့်ကြောင့် ကိုယ့်သာသနာ… မနိမ့်ကျပါစေနဲ့…။

Ref : myanmarchat.org

Saturday, February 27, 2010

၃ ဘာသာ ညီနောင်မှပေးသော အသိနှင့်သတိတရား

ဗုဒ္ဓဘာသာ
..............

Written by Bone layy. Copy from myanmarchat.org

မှတ်ချက် :ကိုယ့်ဘာသာထဲက လူက သူများ ဘာသာသွားစော်ကားတဲ့အခါ နှတ်ဆိတ်နေပြီး သူများက ကိုယ့်ဘာသာထိခိုက်စော်ကားလာတော့မှ စွေ့စွေ့ခုန်အောင် စိတ်ဆိုး ဒေါသ ဖြစ်မဲ့အစား ဖြောင့်မတ်သူလူကြီးပီပီ သူတပါးကိုမစော်ကားဘို့၊ မမိုက်ရိုင်းဘို့ တရားနဲ့ဖြောင်းဖြရမယ်။ သူတို့မိုက်ရိုင်းမှုဟာ ကိုယ့်ဘာသာကိုနိမ့်ကျစေတဲ့အတွက် ကန့်ကွက်ရမယ်။ လူကြီးတွေကိုယ်တိုင်က ကုလား ကုလား၊ တရုတ်ဘိန်းစား၊ ကရင် ဘာညာ ပြောနေရင်နောက်လိုက်လူငယ်တွေကပိုဆိုး။ လက်ရှိဒီလင့်ခ်တွေမှာပဲကြည့်
http://www.anti786.blogspot.com/, http://myanmartruthers.blogspot.com/, http://antiallah.blogspot.com/, http://linshaallah.blogspot.com/, http://islamsucks.worldpress.com/
http://messengerforbuddish.blogspot.com/

လူတိုင်းမှာကိုယ် ယုံကြည်ရာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်။ သူများမြတ်နိုးကိုးကွယ်နေတဲ့ ဘုရား၊ ကျမ်းဂံ နဲ့သူတော်စဉ်တွေကို ပုတ်ခတ်စော်ကားနေတာဟာ စော်ကားသူတွေရဲ့ အလွန်တရာမှ သဘောထားသေးသိမ်မှု၊ အရိုင်းခေတ်နောက်ပြန်ပြေးနေတာဖော်ပြနေခြင်းပဲဖြစ်တယ်။ မိစ္ဆာကောင်တွေရဲ့လုပ်ရပ်ဖြစ်တယ်။ လူဆိုတာကိုယ်ချင်းစာနာမှုရှိရမယ်။

အထက်ကလင့်ခ်တွေ မီးမွှေးလိုက်တာ အွန်လိုင်းမှာဘာသာရေးပုတ်ခတ်ရေးသားတဲ့ဘလော့တွေ တိုးသထက်တိုးလာတယ်။ Cbox တွေမှာလည်းအလွန်အောက်တန်းကျပက်စက်စွာရေးကြတာတွေဟာ စိတ်မကောင်းစရာ လူ့အဆင့်အတန်းနိမ့်ကျချင်းတွေပဲ။

ဘာသာတိုင်းမှာ အဖျက်သမား မိစ္ဆာကောင်တွေရှိတယ် သူ့တို့ဖျက်ချင်တိုင်းလည်းမအောင်မြင်ဘူး။ ဒါကြောင့်ဒီနေ့ထိ ဗုဒ္ဓဘာသာ၊ မူဆလင်မ်၊ ခရိယာန်၊ ဟင်ဒူနဲ့ အခြားဘာသာတွေတည်တန့်ခိုင်မြဲနေတာပေါ့။ ဆန့်ကျင်ဖျက်စီးသူတွေသာသေသွားမယ်။ သူတို့ရဲ့လုပ်ရပ်အောင်မြင်မှာ မဟုတ်ဘူး။ သူတို့ယုတ်မာမှုနဲ့ သူ့ဘာသာ၊ သူ့မိဘ၊ သူ့ဆရာ သိက္ခါကိုယ်တိုင်ချနေခြင်းသာဖြစ်တယ်။ မြန်မာပြည်မှာကိုးကွယ်နေတဲ့ဘာသာတိုင်းဟာ တိုင်းတစ်ပါသားတို့ ယူလာတဲ့ဘာသာတွေဖြစ်တယ်။ ကျမ်းဂံအသီးသီးဟာလည်း အခြားဘာသာကိုမြန်မာလိုထပ်ဆင့်ဘာသာပြန်ကြခြင်းဖြစ်တယ်။ ဘာသာပြန်မှာ မူလကျမ်းဂံနဲ့လွဲမှားမှု ပိုတာ လိုတာတွေရှိကောင်းရှိနိုင်တယ်။ အဲဒီအားနည်းချက်တွေရှာပြီးဘာသာတစ်ခုနဲ့တစ်ခုပုတ်ခတ်နေကြမယ်ဆိုရင် ဒီတိုင်းပြည်တိုးတက်ဘို့မရှိတော့ဘူး။ သူများနိုင်ငံမှာပဲကျွန်ဆက်ခံကြပေရော့။

မူဆလင်မ်
................
ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းအား

လုံခြုံငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်မယ်ဆိုရင် တမန်တော်မြတ်(ဆွ)ရဲ့  လက်တွေ့ ကျင့်စဉ်အရ လူအမျိုးမျိုး၊ ဘာသာတရားအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးရှိတဲ့သူတွေရဲ့  ခံစား ချက်တွေကို နားလည်ပေးခြင်း၊သူတို့ရဲ့  ရပိုင်ခွင့်တွေကို ကာကွယ်စောင့် ရှောက်ပေးခြင်း၊ ဘက်မလိုက်ခြင်း၊ အမှန်တရားနဲ့ တရား မျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း၊ လိုအပ်ပါက ကိုယ်က အနစ်နာခံခြင်း၊ သူတစ်ပါးရဲ့  အကျည်းတန်မှုတွေကို ဖြည့်ဆည်း ပေးပြီး လောကကြီးကိုအလှဆင်ခြင်း (အီဟ်စါန်)စတဲ့ တရားတွေရှိဖို့လိုပါတယ်။

ဒါမှသာ အရည်အသွေးအမျိုးမျိုးရှိနေကြတဲ့ သူတွေရဲ စွမ်းရည်တွေ ကို ပူးပေါင်းဆောင်ရွက်ခြင်း (Collective Effort)ဆိုတာ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာ မှာ ဦးဆောင်သူတွေဟာ IQ ရော EQ ပါ မြင့်မားဖို့လိုပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ရည်ဥာဏ်သွေးမြင့်မား ဖို့လိုသလို ကိုယ့်ရဲ့  ခံစားချက်ကိုဖြစ်စေ၊ သူတစ်ပါးရဲ့  ခံစားချက်ကိုဖြစ်စေ၊ နားလည်တတ်ဖို့ လိုအပ်ပါတယ်။ အခက်အခဲ၊ အကြပ်အတည်းတွေ၊ ဆန့်ကျင်မှုတွေကြုံကြိုက်ရင်လည်း ဆွဗရ်ကြံ့  ခိုင်ခြင်း တရားထားပြီး ဖြေရှင်း တတ်ဖို့လိုပါတယ်။ သူတစ်ပါးကို ရန်လိုမုန်းတီးစိတ်နဲ့ အမြဲမြင်နေလို့မရပါဘူး။

ကိုယ့်ကိုဆန့်ကျင်နေတဲ့သူတွေရဲ့ နှလုံးသားကို ဘယ်လိုဖြေသိမ့်မှုတွေပေးနိုင်မလဲဆိုတာက အဓိက ကျပါတယ်။ နှလုံးသားရဲ့
ခံစားချက်တွေဆို တာ အပြောင်းအလဲ ရှိတတ်ပါတယ်။ ကမ္ဘာ့သမိုင်းကိုကြည့်ရင် ကိုယ့်နိုင်ငံရဲ့  လွတ်လပ်ရေးအတွက်
တိုက်ပွဲဝင်ကြတဲ့အခါ လူမျိုးပေါင်းစုံ၊ ခံ ယူချက်ပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ခဲ့ကြလို့ အောင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့်
လွတ်လပ်ရေးရပြီးတဲ့အခါ အဲဒီပူးပေါင်းဆောင်ရွက်မှု (Collective Effort) သဘောတရားကို မထိန်းသိမ်းနိုင်ခဲ့ကြတဲ့အတွက် လွတ်လပ်ရေး ရဲ့အနှစ်သာရကို ပြည့်ဝစွာခံစားနိုင်စွမ်းမရှိတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

သူတစ်ပါးကိုနားလည်ပေးခြင်း

အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်က ကမ္ဘာဂြိုဟ်မှာ မျိုးနွယ်စုတွေ၊ လူမျိုးတွေ မတူခြင်းဟာ အပြန် အလှန် အသိအမှတ်ပြုကြစေဖို့ဖြစ်တယ်။

(ငြိမ်းချမ်းလုလင်)
Copy from Myanmar Muslim Association.

မှတ်ချက် : မူဆလင်မ်တွေအနေနဲ့လည်း မြန်မာပြည်မှာမွေးကတည်းကသေတဲ့အထိ ကုလားဆိုပြီးအနှိမ်ခံနေရပြီးသား။ သူတို့ဘာသာကို ရစရာမရှိအောင် စော်ကားခံနေရပေမဲ့လည်း သူတို့ခံယူထားတာက သူများရိုင်းတိုင်းကိုယ်ပြန်မရိုင်း၊ သည်းခံနိုင်ခြင်းသည်မွန်မြတ်သာစိတ်ဓါတ်ဖြစ်သည်။ အများဆုံးတုန့်ပြန်ကြတာက ပြင်းပြင်းထန်ထန်ရှုံ့ချခြင်း။ အဲသူတို့အထဲမှာတော့ ဂိုဏ်းကဏ္ဍတွေမတူလို့အချင်းချင်းသာပတ်ပြီး ရန်ဖြစ်နေတတ်မယ် အခြားဘာသာနဲ့ရန်ဖြစ်ခြင်းကိုရှောင်ကြတယ်။ လူနည်းစုဖြစ်နေလို့ အခြားဘာသာလူများစုနဲ့ရန်ဖြစ်ခဲ့ရင်လည်း မူဆလင်မ်ပဲနစ်နာမှာပဲ။ စစ်အစိုးရကနိုင်ငံရေး ပဋိပက္ခလုပ်ရင် မူဆလင်မ်ခေါင်းပုံချလို့လွယ်တယ်။ အရင်ကတည်းက လူမျိုးဘာသာသွေးထိုးပေးထားတဲ့မီးစာရှိနေတယ်လေ။ စစ်အစိုးရပါးစေတွေ သွားပြီး ဗလီတွေမီးရှို့ဖျက်စီး၊ မူဆလင်မ်အိမ်တွေ မီးရှို့လည်းလူနည်းစုမို့ဘာမှတောင်းဆိုပိုင်ခွင့်မရှိဘူး။ မြန်မာနိုင်ငံမှာမွေး မြန်မာပြည်မှာကြီး တဲ့မူဆလင်မ်တွေဟာ လူမျိုးရေးအရအနှိမ်ခံထားရတဲ့အတွက်ကြောင့်္ဓရွှေဝါရောင်အရေးအခင်းမှသံဃာတော်တွေ၊ တရုပ်-ဗမာ အရေးအခင်းတွေမှာစာနာမှုနဲ့ ကူညီကြတယ်။

ခရစ်ယာန်
.............
ဓမ္မတေး အချစ်နဲ့အပြစ်
တေးဆို : အယ်လွန်းဝါ

To listen http://www.imeem.com/rosebabe/music/5msh-XFc/a-chit-nat-a-pyit/

သီချင်းစာသား

အမှားကိုတစ်ခါတစ်လေလုပ်မိရင်ဘဲ လူတွေကအပြစ်မြင်ကြတယ်
ကောင်းတာတွေကိုလုပ်ပြန်ရင်လည်း အားနည်းချက်ထောက်ကြပြန်တယ်
မစုံတဲ့လူသားတွေဘဲ...
ဘယ်သူကအပြစ်နဲ့ကင်းလည်း
ညီအကိုချင်းတွေ မောင်နှမချင်းတွေ အင်္ဂါချင်းတွေဘဲ
ကွဲပြားတဲ့အားနည်းချက် အသီးသီးတော့ရှိကြတာဘဲ.....
/
မပြည့်စုံပေမဲ့ ထူးခြားနေတဲ့ မတူညီတဲ့အစွမ်းတွေရှိတယ်
လူ့ရဲ့တန်ဖိုး လူ့ရဲ့အရည်အချင်း ဘုရားပေးတဲ့ဘဝတစ်သက်တာနဲ့
တစ်နေရာစီအသုံးဝင်တယ်
လူလူချင်းအပြစ်မမြင်နှင့်နဲ့
အပြန်အလယ်နားလည် အကျင်နာတရားတွေ ကိုယ်တော်မေတ္တာနဲ့
အားနည်းချက် ရှိခဲ့လျှင် ခွင့်လွှတ်လျှက်ချစ်လိုက်ပါကွယ်......
/
အချစ်နဲ့အပြစ်နှစ်ခုရှိတဲ့ အထဲ
တစ်ခုခုတော့ ရွေးကြည့်မိမယ်
အချစ်ကိုရှာရင် အချစ်ကိုဘဲမြင်မယ်
လျှောက်ပြစ်ကင်းသဲလဲစင်နဲ့
လောက၌တစ်ယောက်မှမရှိတယ်
အပြစ်ကိုရှာရင်တော့ အပြစ်ကိုဘဲမြင်မယ်
/
*အမှားကိုတစ်ခါတစ်လေလုပ်မိရင်ဘဲ လူတွေကအပြစ်မြင်ကြတယ်
ကောင်းတာတွေကိုလုပ်ပြန်ရင်လည်း အားနည်းချက်ထောက်ကြပြန်တယ်
မစုံတဲ့လူသားတွေဘဲ
ဘယ်သူကအပြစ်နဲ့ကင်းလည်း
ညီအကိုချင်းတွေ မောင်နှမချင်းတွေ အင်္ဂါချင်းတွေဘဲ
ကွဲပြားတဲ့အားနည်းချက် အသီးသီးတော့ရှိကြတာဘဲ.......
/
*မပြည့်စုံပေမဲ့ ထူးခြားနေတဲ့ မတူညီတဲ့အစွမ်းတွေရှိတယ်
လူ့ရဲ့တန်ဖိုး လူ့ရဲ့အရေအချင်း ဘုရားပေးတဲ့ဘဝတစ်သက်တာနဲ့
တစ်နေရာစီအသုံးဝင်တယ်
လူလူချင်းအပြစ်မမြင်နှင့်နဲ့
အပြန်အလယ်နားလည် အကျင်နာတရားတွေ ကိုယ်တော်မေတ္တာနဲ့
အားနည်းချက် ရှိခဲ့လျှင် ခွင့်လွှတ်လျှက်ချစ်လိုက်ပါကွယ်......
/
*အချစ်နဲ့အပြစ်နှစ်ခုရှိတဲ့အထဲ
တစ်ခုခုတော့ ရွေးကြည့်မိမယ်
အချစ်ကိုရှာရင် အချစ်ကိုဘဲမြင်မယ်
လျှောက် ပြစ်ကင်းသဲလဲစင်နဲ့
လောက၌တစ်ယောက်မှမရှိတယ်
အပြစ်ကိုရှာရင်တော့ အပြစ်ကိုဘဲမြင်မယ်
/
အချစ်နဲ့အပြစ်အမြဲတမ်း စုံတွဲ
အကောင်းဘက်က လှည့်ကြည့်လိုက်ကွယ်
ဘဝမှာ တစ်ခါတစ်လေ အမှားတွေလည်းကြုံမယ်
အမြဲတမ်းတော့အကောင်းစုံတွေဘဲ
ဖြစ်တတ်တဲ့သဘောထားနားလည်
ကောင်းတဲ့အချိန်မှာလည်း ဆိုးရင်ဆိုးနိုင်တယ်
မပြည့်စုံပေမဲ့လည်း အကောင်းတွေရှိနေတယ်
ဘုရားသခင်မြင်နိုင်တယ် အလုံးစုံရှူမြင်တယ်......။

မှတ်ချက် : ခရစ်ယာန်တွေဟာမြန်မာနိုင်ငံရှိလူနည်းစုတိုင်းရင်းသားတွေပါ။ အများစုကဆင်းရဲကြတယ်။ စစ်ဘီလူးမင်းလုပ်တဲ့ခေတ်မှာ ပြည်ပ သာသနာပြုမစ်ရှန်တွေရဲ့ထောက်ပံ့မှုကိုမျှော်ကိုးအားထားနေကြရတာပါ။ မြန်မာစစ်တတ်ဟာ ကရင်ရွာတွေ ဓါးပြတိုက်၊ ဖျက်ဆီး၊ ဘုရားကျောင်းတွေမီးရှို့၊ ကရင်မတွေကို မုဒိန်းကျင့် ရစရာကိုမရှိဘူး။ အဲဒီကနေသူတို့ဘဝဟာစစ်ပြေးဒုက္ခသည်စခန်းကိုရောက်တော့တာပဲ။ မုဒိန်းကောင်ဆိုတာ ခရိယာန်နဲ့မူစလင်မ်မဟုတ်ဘူး စစ်ဘီလူးတွေကြီးပဲ။ သူတို့လုပ်ခဲ့တာတွေ သူများကို အိုးမည်းပြန်သုတ်တာ။ စစ်သားဆိုတာလည်း ဗုဒ္ဓဘာသာဝင်ဖြစ်ပေမဲ့ ဗုဒ္ဓဘာသာကိုတကယ်နားလည်ကျင့်သုံးနေတာမဟုတ်ဘူး။ မိရိုးဖလာ ဗုဒ္ဓဘာသာတွေ။ ဘုရားရှင်ဟောတဲ့တရားလိုက်နာရင် သူများပစ္စည်း၊ မိန်းမ၊ သားသ္မီးဖျက်ဆီးမှာမဟုတ်ဘူး။

စာနာမှုကင်းမဲ့တဲ့ လူယဉ်ကျေးတွေအတွက်မေးစရာ

၁) ဘုရားသားတော်သံဃာတွေကိုသတ်ပြီး လောကီသုခမှာပျော်မွေ့နေတဲ့လူတွေ၊ သံသရာ ဝဋ်ဆိုတာကိုမေ့လျော့နေပြီလား။

၂) ကျွန်ကုလားတဲ့လား။ စစ်ဘီလူးခေတ်မှာ သူများနိုင်ငံကိုအတိုးအဝှေ့ထွက်ပြီးကျွန်ခံနေတာ မြန်မာလူမျိုးမဟုတ်ဘူးလား။

၃) ကရင်၊ ကချင်၊ ချင်း အရိုင်းတွေတဲ့လား။ လူနည်းစုကို နှိမ်တာ၊နိုင်ထက်စီးနင်း ညှင်းပမ်းနေတာ ပိုမရိုင်းဘူးလား။

လူဆိုတာမွေးကလည်းကဘာမှမပါ၊ သေတဲ့အခါလည်းအပုပ်ကောင်ဖြစ်မှာ ဘာမှပါမသွားပါဘူး။

မြန်မာလူမျိုးတွေဟာ သူများကြိုးဆွဲတိုင်း လိုက်က နေတဲ့လူတွေမဟုတ်ဘူးဆိုတာ ဒီနေ့သက်သေပြဘို့လိုအပ်နေပါပြီ။ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကိုဖယ်လိုက်ကြပြီး လူ့အရည်အချင်း၊ လူ့တန်ဖိုးအသိ အမှတ်ပြုပြီး ဘာသာတိုင်းစည်းလုံးနိုင်ကြရင် ငြိမ်းချမ်းမှုဟာမဝေးပါဘူး။

အွန်လိုင်းဘာသာရေးစော်ကားမှုတွေနဲ့ စာဖတ်သူတွေရဲ့နှလုံးသားလည်းမွန်းကျပ်ခဲ့ရပြီ။ အဲဒီဆူးကျိုးတွေကိုဖယ်လို့ ချစ်ခြင်းမေတ္တာတရားကို အစားထိုးပြီး မိမိတို့၏ နှလုံးသားလေးကိုပြန်လန်းစေပါနော်။