


ဒီမျောက်များပုံပြင်ဟာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတစ်မျိုးဖြစ်ပါတယ်။
ကျမတို့လူသေ (သို့) လူနာတွေကိုခွဲစိတ်ရတဲ့အခါ လူရဲ့အခွံနဲ့တူတဲ့အပြင်အသားအရောင်ပေါ်ကစခွဲပြီး တစ်ဖြေးဖြေးအတွင်းအသားထဲထိခွဲရပါတယ်။ အထဲမှာအရေးကြီးတဲ့ လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ အစာအိမ်၊ အရိုး စသည်ဖြင့်တို့ဟာ လူမျိုးတိုင်းမှာအရောင်တူကြပါတယ်။ ဒီနေရာမှာကျမ high light ပေးချင်တာက အပြင်အသားအရောင်ဆိုတာ လူတွေရဲ့အခွံတစ်ခုပါ။ အဓိကအချက်ကတော့ စိတ်နှလုံးပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ လူ အချင်းချင်းခွဲခြားနေရင် စည်းလုံးညီညွတ်မှုဆိုတာမဖြစ်လာနိုင်ပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီကိုလည်း ဘယ်လိုလို့ရနိုင်မှာလဲရှင်။
(ဒေါက်တာယဉ်ယဉ်)
မြန်မာနိုင်ငံအပါအဝင်၊ ဂျာဗားကျွန်းဆွယ်၊ တရုတ်၊ ဥရောပမှ မျိုးရိုးဇစ်မြှစ်တို့သည် လွန်ခဲ့သောနှစ်ပေါင်း ၁၁ ၀၀၀ ကျော်က Homo erectus မှဆင်းသက်လာကြသည်။ Homo erectus သည် မူရင်းမှာ အာဖရိက Ethiopia ကဆင်းသက်လာသောမျိုးနွယ်ဖြစ်သည်။
အဖရိကတိုက်မှ ရှေးအကျဆုံးလူသားများသည် ကမ္ဘာအနှံ့ပြန့်နှံ့သွားခဲ့ပြီးနောက် မိမိ နေထိုင်ရာဒေသ၊ အစားအသောက်၊ ရာသီဥတုတို့အပေါ်မှာ အခြေခံပြီး ရုပ်ဆင်းအင်္ဂါ၊ အသားအရောင်၊ အရပ်အမောင်းများပြောင်းလဲခဲ့ကြသည်။
ယနေ့ကမ္ဘာ့လူ့အိမ်ထောင်စုကြီးတွင် မှီခိုနေထိုင်နေကြသော လူများသည်တောင်ပေါ်မှာနေတဲ့လူ၊ မြေပြန့်မှာနေတဲ့လူ၊ ကျွန်းပေါ်မှာနေတဲ့လူ၊ အသားအရောင်၊ ကိုးကွယ်သည့်ဘာသာ၊ မိရိုးဖလာဓလေ့ထုံးတမ်း၊ ဘာသာစကားများမတူကြသော်လည်း အားလုံးသော လူ များသည် ကျောက်ခေတ် အာဖရိကမှ မျိုးနွယ်များဖြစ်ကြသည်။
လူ၏သဘာဝသည် ရေကြည်ရာမြက်နုရာသို့ရွှေ့ပြောင်းနေထိုင်တတ်သောကြောင့် ကမ္ဘာဦးလူအစမှ ယနေ့ထိတိုင် တစ်ရွာမှတစ်ရွာ၊ တစ်နယ်မှနောက်တစ်နယ်၊ တစ်နိုင်ငံမှ နောက်ထပ်နိုင်ငံများဆီသို့ ရွှေ့ပြောင်းနေထိုင်အသက်မွေးခဲ့ကြပါသည်။
Prehistory ခေတ်တွင် အာဖရိကမျိုးနွယ်များသည် ယနေ့မြန်မာနိုင်ငံတည်ရှိသောကုန်းမြေဒေသ ဧရိယာအတွင်းသို့ ရောက်ရှိလာပြီးနောက်၊ Homo erectus နှင့် Homo sapiens များဖြစ်ကြသော တိဗက်၊ တရုတ်၊ ပါရှန်း၊ မွန်ဂိုလ်၊ အာရဗ်၊ အန္ဒိယ၊ မလေး၊ ထိုင်ဝမ်၊ ဂျပန် နှင့် ဩစတေးလျသားတို့ သည် ၁၂ ရာစုနှစ်၊ ၁၃ ရာစုနှစ်၊ ၁၄ ရာစု၊ ၁၇ ရာစု၊ ၁၈ ရာစု၊ အထူးသဖြင့် ပုဂံခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ် များ၌ မြန်မာနိုင်ငံသို့ ကုန်းလမ်း၊ ရေလမ်းမှရောက်ရှိလာခဲ့ ကြသည်။ ထိုကူးလာကြသူများသည် ကုန်ကူး၍သော်လည်းကောင်း၊ စစ်ကြောင့်သော်လည်းကောင်းရောက်လာ
ကြသောလူများဖြစ်သည်။ ထို သူများသည် မူလနေရင်း တိုင်းရင်းသူ တိုင်းရင်းသားများနှင့် လူ့သဘာဝအလျောက် အိမ်ထောင်ကျခဲ့ကြသည်။
Prehistory ခေတ်မှမြန်မာနိုင်ငံ ဧရိယာသို့အရင်ရောက်နှင့်နေပြီဖြစ်သော ရှေးကျဆုံးလူသားမျိုးနွယ်များနှင့် နောက်မှရောက်လာသော လူများ၏မျိုးနွယ်များတို့ပေါင်းစပ်၍ မြန်မာနိုင်ငံသည် ဘာသာတရားများ၊ ယဉ်ကျေးမှုအမွေအနစ်များ၊ နည်းပညာများ၊ အစားအသောက်များ၊ သဘာဝအလှတရားများနှင့် ကမ္ဘာ့အလယ်တွင်ခန့်ညားသောနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။
ခေတ်အဆက်ဆက်တိုင်းတွင် အမိမြန်မာနိုင်ငံအတွက် ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့ နှင့်အတူ ပတ်
ဝန်းကျင်နိုင်ငံများနှင့် စစ်မက်ဖြစ်ပွားခဲ့ရာမှာသော်လည်းကောင်း၊ ဗြိတိသျှတို့၏ သုံးကြိမ်တိုင်တိုင် ကျူးကျော်မှုများကို ခုခံတွန်းလှန်ရာမှာသော်လည်းကောင်း၊ ဖက်ဆစ်ဂျပန်ကိုတော်လှန်ရာမှာသော်လည်းကောင်း၊ လွတ်လပ်ရေး ကြိုးပမ်းကြရာမှာသော်လည်းကောင်း ဘာသာပေါင်းစုံ လူမျိုး ပေါင်းစုံတို့ အညီအညွတ်ပေါင်းစည်းဆောင်ရွက်ခဲ့တာမှာ သမိုင်းမှာထင်ရှားခဲ့ပါသည်။
လူမျိုးရေး ဘာသာရေး နိုင်ငံရေးလှည့်ကွက် (အကျဉ်းချုပ်)
၁၉၄၈ - ၁၉၅၈ ကြားကာလ၌ ဦးနုသည်မြန်မာနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။၁၉၅၈ နောက်ပိုင်းတွင် မြန်မာနိုင်ငံရေးမှာ မငြိမ်မသက်ဖြစ်၍ ဗိုလ်ချုပ်နေဝင်းသည် အိမ်စောင့်အစိုးရအနေဖြင့် မြန်မာနိုင်ငံရေးစင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဗိုလ်ချုပ်နေဝင်းသည်တပ်မတော်တွင် နံပတ် ၁ နေရာဖြစ်ပြီး ဗိုလ်မှူးချုပ်အောင်ကြီးမှာ တတ်မတော်၏ နံပတ် ၂ နေရာတွင်ရှိခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည်ထိုအချိန်ကာလတွင် အာဏာ၌မမြဲသေးပေ။ ဗိုလ်ချုပ်နေဝင်းသည် သူ့အာဏာမြဲရန်အတွက် နံပတ် ၂ နေရာတွင်ရှိသည့် ဗိုလ်မှူးချုပ်အောင်ကြီးကိုရာထူးမှ ဖြုတ်ချခဲ့သည်။
၁၉၆၂ - ၁၉၇၀ ကြားမှဗိုလ်ချုပ်နေဝင်း၏လုပ်ရပ်များ ၁၉၆၂ - ဗိုလ်ချုပ်နေဝင်းသည် အာဏာသိမ်းသည်။၁၉၆၄ - ပြည်သူပိုင်သိမ်းသည်။၁၉၆၈ နောက်ပိုင်းမှစ၍ စစ်တပ်မှ ခရစ်ယာန်၊ မူစလင်မ်၊ တရုတ် နှင့် အချို့တိုင်းရင်းသား ဗိုလ်မှူးကြီးများကို သံအမတ်အဖြစ်နိုင်ငံခြားသို့ပို့လိုက်သည်။ (တစ်နည်းပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်သည်) သံအမတ်အဖြစ်နိုင်ငံခြားသို့အပို့ခံရသူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်လည်းပါသည်။ သဘောမှာဗိုလ်ချုပ်နေဝင်း နေရာကို လုယူနိုင်မည့်သူများ သူ့အနားမှာမရှိရန်ဖြစ်သည်။
၁၉၇၀ နောက်ပိုင်းဗိုလ်ချုပ်နေဝင်းအာဏာခိုင်မြဲလာပြီး ၁၉၇၄ တွင်အခြေခံဥပဒေသစ်ရေးဆွဲခဲ့သည်။ ထိုဥပဒေအတည်ပြုသုံးပြီးနောက်ပိုင်းတွင် ဘာသာခြားများကိုစစ်တပ်မှ အသစ်လက်ခံခြင်းမရှိတော့ပါ။ ရှိနေသော ဘာသာခြားများကိုလည်း စစ်ရာထူးတိုးမြှင့်ပေးခြင်းမရှိတော့ပါ။ အခြေခံဥပဒေဆွဲပြီးနောက် မူဆလင်၊ ဟင်ဒူ၊ ပန်ချာပီ နှင့် အချို့တရုတ် တို့အား မြန်မာနိုင်ငံသားမပေးတော့ဘဲ ဧည့်နိုင်ငံသားအဖြစ်သတ်မှတ်ခဲ့သည်။
မှတ်ချက် : မျိုးဆက်တစ်ရပ်ကို သက်တမ်း(၇၀) ထားတွက်လျှင် ရှေးခေတ်မှမြန်မာနိုင်ငံသို့ပြောင်းရွှေ့လာခဲ့ကြသောတိုင်းတစ်ပါးသားတို့၏ မျိုးဆက်မှာ (၅)ဆက်ကျော်ရှိပြီဖြစ်သည်။ သိပ္ပံနည်းအရ မျိုးဆက်သုံးဆက်မှာ မူလဗီဇသွေး မရှိတော့ပါ။ ထို့ကြောင့် မျိုးဆက်သုံးဆက်နှင့် သုံးဆက်အထက်နေထိုင်ခဲ့သောမြန်မာပြည်ဖွားများသည် မြန်မာနိုင်ငံသားများသာဖြစ်သည်။
မဆလ - နအဖ စစ်အစိုးရ၏ မတရားသဖြင့်တိုင်းပြည်ကို နှစ်ရှည်လများ အာဏာသိမ်းထားသောကာလတွင်း၌ တိုင်းရင်းသားများနှင့်ထားရှိသော ကတိကဝတ်များ ချိုးဖောက်ခြင်း၊ လူမျိုးရေး ခွဲခြားခြင်း ဘာသာရေး နှိပ်ကွပ်ခြင်း၊ စီးပွါးရေးကျပ်တည်းခြင်းများဖြစ်၍ တိုင်းရင်းသားများမှ နယ်မြေခွဲထွက်ရေး သီးခြားအုပ်ချုပ်ရေးအတွက်တောင်းဆိုခဲ့ကြသည်။ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားတို့ကြား ပြည်တွင်းစစ် အဖန်ဖန် အလဲလဲဖြစ်ပွါးခဲ့ရသည်။
ယနေ့မြန်မာနိုင်ငံသည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋ္ဌိပက္ခ၊ စီးပွါးရေးကျပ်တည်းမှု၊ သစ်တောများပြုန်းတီး၍ရာသီဥတုဖေါက်ပြန်မှု၊ ပညာရေးချို့တဲ့မှု၊ ကျန်းမာရေး ချို့တဲ့မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှုများနှင့် အစိတ်စိတ်အမွှာမွှာကွဲအက်နေပါသည်။
မြန်မာစစ်အစိုးရက ပြည်သူတစ်ရပ်လုံးကို အမှန်တကယ်ကောင်းစားစေချင်ရင်၊ တိုင်းပြည်ငြိမ်းချမ်းစေလိုလျှင် မိမိတို့လူတစ်စုချမ်းသာရုံတင်မဟုတ် မြန်မာတစ်မျိုးသားလုံးကိုခွဲခြားနှိပ်ကွပ်ခြင်းမရှိဘဲ လူ့အခွင့်အရေးပေး၍တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကြိုးပမ်းဆောင်ရွက်ရမည်။းဆောင်ရွက်ရမည်။
MANPOWER
မြန်မာလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံးလွတ်လပ်ရန်၊ တိုးတက်ရန်၊ ဒီမိုကရေစီရရန် MANPOWER လိုအပ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည်ဘာသာစုံနှင့်တိုင်းရင်းသားများကိုစည်းလုံးနိုင်ခဲ့ပြီးလွတ်လပ် ရေးကိုရယူခဲ့သည်ကိုပြန်လည်သတိရစေချင်ပါသည်။ လူတိုင်းမှာထူးခြားသော အရည်အချင်းကိုယ်စီရှိကြသည်။
ဥပမာ : လူမျိုးတစ်မျိုးတိုင်းဆီမှအရည်အချင်းတစ်ခုစီကိုထုတ်ပြလျှင်
မြန်မာလူမျိုးတို့သည်သတ္တိရှိကြသည်။မူဆလင်တို့သည် သစ္စာရှိကြသည်။ခရစ်ယာန်တို့သည် ညီညွတ်မှုရှိကြသည်။ တရုတ်တို့သည် စီးပွါးရေးကျွမ်းကျင်ကြသည်။
လူ့အရည်အချင်း၊ လူ့တန်ဖိုးကိုသိလျှင်၊ သုံးတတ်လျှင်တစ်နေ့မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင်ခေတ်မှီတိုးတက်သောနိုင်ငံတစ်နိုင်ငံဖြစ်လာနိုင်မည်။ (Respect in humanity)
စင်ကာပူတွင် နိုင်ငံသစ်ထူထောင်ခဲ့စဉ်က ၎င်းတို့သည် လူမျိုးခြား၊ ဘာသာခြား၊ အသားအရောင်မတူကြသော်လည်း စည်းလုံးညီညွတ်ကြသည်။ MANPOWER သုံးပြီး အောင်မြင်ခဲ့ကြသည်။
DEVELOPMENT BASE ON KNOWLEDGE AND FOUNDATION
Foundation of human life
1) Beleif
2) Knowledge
3) Attitude
4) Practice
5) Status
တိုင်းပြည်အုပ်ချုပ်သော နိုင်ငံ့ခေါင်းဆောင်သည် ပညာ ကြွယ်ဝသူဖြစ်ရမည်။ အလိမ္မာစာမှာရှိ ဆိုရိုးလည်းရှိသည်။ သို့မဟုတ်လျှင်တိုင်းပြည် ဆင်းရဲသထက်ဆင်းရဲပြီး အနစ်နာဆုံးမှာမြန်မာပြည်သူများပင်ဖြစ်သည်။ ယခုလည်းမြန်မာနိုင်ငံသည် ၁၉၈၇ခုနှစ်မှစ၍ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင်ပါသည်။
မိမိ မျိုးရိုးဇစ်မြှစ် သမိုင်းကိုသိလျှင် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်ကြီးစိုးသောစနစ်ဆိုတာလည်းမရှိနိုင်ပါ။
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့အရည်အချင်းရှိသော၊ စိတ်ဓါတ်ပြည့်ဝမှုရှိသော နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူလူထုများကို မြန်မာ နိုင်ငံတော်တွင် အထူးလိုအပ်နေပါသည်။
အရေးကြီးဆုံးအချက်မှာ '' သမိုင်းပျောက်က ဇာတိပျောက်မည်၊ ဇာတိပျောက်က မျိုးချစ်စိတ်ပါ ပျောက်မည် ''
(ရောင်ခြည်ဦး)
